မိသားစုတွေနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး ပါတီကျင်းပတဲ့အခါ ဘာဘီကျူးတွေက မရှိမဖြစ်လိုအပ်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့  အာလူးကြိုက်နှစ်သက်သူတွေအတွက်ရော၊ ပင်လယ်စာတွေထဲကမှ ပုစွန်ကိုပိုပြီး ထူးထူးကဲကဲ ကြိုက်နှစ်သက်သူများအတွက်ပါ ထိုင်းဆော့(စ်)လေးနဲ့ ရှယ်ကင်ထားတဲ့ U.S. အာလူး၊ ပုဇွန် အသီးအရွက်အကင် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပြင်ဆင်ချိန် – ၂၀ မိနစ်

ချက်ပြုတ်ချိန် – ၁၅ မိနစ်

ကြာချိန် – ၃၅ မိနစ်

အာလူးအမျိုးအစား – အေးခဲအာလူး

ပွဲအရေအတွက် – ၃

ချက်ပြုတ်နည်း – အကင်

ဟင်းပွဲ – အဓိကဟင်းလျာ

ဟင်းလျာအမျိုးအစား – အာရှအစားအစာ

ပါဝင်ပစ္စည်းများ

  • U.S. Frozen Wedges – ၃၀၀ ဂရမ်
  • ပုဇွန် – ၁၅၀ ဂရမ်
  • ငရုပ် (ဝါ၊ စိမ်း၊ နီ) – ၃ လုံး (တလုံးစီ)
  • Cherry ခရမ်းချဉ်သီးသေး – ၁၀ လုံး
  • ဆလပ်ရွက် (အလှဆင်ရန်) – အနည်းငယ်
  • မုန်လာဥနီ (အလှဆင်ရန်) – ၁ လုံး
  • သံလွင်သီး (အလှဆင်ရန်) – ၃ လုံး
  • သံပုရာသီး – ၁ လုံး
  • ငြုပ်သီး နှုတ်နှုတ်စင်း – ၁ စားပွဲဇွန်း
  • ကြက်သွန်ဖြူ နှုတ်နှုတ်စင်း – ၁ စားပွဲဇွန်း
  • ငံပြာရည် – ၂ စားပွဲဇွန်း
  • သံပုရာရည် – ၂ စားပွဲဇွန်း
  • သကြား – အနည်းငယ်
  • အရသာမှုန့် – အနည်းငယ်
  • ရေ – အနည်းငယ်
  • ပဲကြာဇံကြော် (အလှဆင်ရန်) – အနည်းငယ်

ချက်ပြုတ်ပြင်ဆင်ပုံအဆင့်ဆင့်

၁။ ပုစွန်ကို ရေနွေးပူထဲတွင်ထည့်ပြီး ချက်ချင်းပြန်ဆယ်ပါ။ ပြီးလျှင် နံနံပင်၊ ငရုပ်ကောင်း၊ အရသာမှုန့်တို့ထည့်ပြီး အရသာနယ်ထားပါ။

၂။ U.S. Frozen Wedgesတွေကို ဒုတ်ထိုးရန် လေးထောင့်ပုံစံလှီးထားပါ။

၃။ ငြုပ်ပွသုံးရောင်လုံးကိုလည်း လေးထောင့်ပုံစံလှီးပြီး Cherry ခရမ်းချဉ်သီးနှင့်အတူ အရသာနယ်ထားပါ။ ပြီးလျှင် Skewer တုတ်ချောင်းထဲသို့ ပုဇွန်၊ အသီးအရွက်များနှင့် အာလူးလေးတွေကို အရောင်လေးလှအောင် အဆင်ပြေသလို Skewer တုတ်ထဲသို့ သေချာလေး ထိုးထားပေးပါ။

၄။ Thai Sauce ပြုလုပ်ရန်အတွက် ကြက်သွန်ဖြူ၊ နံနံပင်၊ ငြုပ်သီးစိမ်းနီတို့ကို နှုတ်နှုတ်စင်းပြီး ငံပြာရည်၊ သံပုရာရည်နှင့် သကြားအနည်းငယ်ထည့်ပြီး အရသာစပ်ထားပါ။

၅။ မီးဖိုပေါ်တွင် Grilled Pan ကို အပူပေး၊ ဆီအနည်းငယ်ထည့်ပြီး Skewer တုတ်ထိုးကို ကင်ပါ။ ပြီးလျှင် Oven အပူချိန် 180°C ဖြင့် ၃မိနစ်ခန့် အရောင်လှပြီး အနံ့မွှေးလာသည်အထိ ထည့်ကင်ပါ။

ပန်းကန်ပေါ်အလှဆင်ခြင်း

ပန်းကန်ပေါ်တွင် ဆလပ်ရွက်ခင်း၊ ကင်ထားသောတုတ်ထိုးများကို တင်ပြီး စပ်ထားသော Thai Sauce နှင့် ဟင်းရွက်တွေကို အလှဆင်ပြီး သုံးဆောင်နိုင်ပါသည်။

Chef Moe Moe Khaing