အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ Bacon နဲ့ ရောသုပ်ထားတဲ့ အာလူးသုပ်ဟင်းလျာ ပြင်ဆင်ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ ပေါင်
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Bacon ၁ ပေါင်
  • ကြက်သွန်နီ ၁ ဥ (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်ဖြူ ၂ ဥ (ပါးပါးလှီးထားပါ)

  • ပြောင်းဖူး ပန်းကန်လုံး ၁ လုံးစာ
  • ဟင်းနုနွယ် လက်တစ်ဆုပ်စာခန့်
  • နံနံပင် အနည်းငယ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ သကြား၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးအကြီးတစ်လုံးထဲသို့ အာလူးထည့်ပြီး ဆား ထည့်ကာ မီးပြင်းပြင်းဖြင့် ၁၅ မိနစ်ခန့် ပြုတ်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး Bacon များထည့်ကာ ၁၀ မိနစ်ခန့် ကြွပ်အောင် ကြော်ပါ။

၃။ ထို့နောက် ကြက်သွန်နီထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ကြက်သွန်ဖြူထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။ ပြီးရင်တော့ ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၄။ အခြားပန်းကန်လုံးအကြီးတစ်လုံးထဲတွင် သံလွင်ဆီ၊ ရှာလကာရည်၊ သကြား၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၅။ ထို့နောက် အာလူးပြုတ်များကို အခွံခွာပြီးနောက် အနေတော်အတုံး လှီးဖြတ်ထားပါ။ Bacon ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ထည့်ပါ။ ပြောင်းဖူး၊ ဟင်းနုနွယ်နှင့် နံနံပင်တို့ထည့်ကာ သမအောင် နယ်ပါ။

ထို့နောက် အဆင့် (၄) က ပြုလုပ်ထားသော သံလွင်ဆီအရောအနှောကို အာလူးပန်းကန်လုံးထဲ လောင်းထည့်ကာ သမအောင် ထပ်နယ်ပါ။ အရသာအပေါ့အငန် မြည်းကြည့်သွားပြီဆိုရင်တော့ အရသာရှိတဲ့ Bacon အာလူးသုပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Averiecooks.com