ချမ်းအေးတဲ့ ရာသီဥတုအောက်မှာ ချစ်ရတဲ့သူတွေအတွက် မနက်စာအဖြစ် အရသာရှိတဲ့ ပုဇွန်ဆန်ပြုတ်မွှေးမွှေးလေး ချက်ကြရအောင်

ပါဝင်ပစ္စည်းများ

  • ဆန် ၁ ခွက်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂မွှာ နုတ်နုတ်စင်းထားပါ။
  • လှီးထားသော မုန်လာဥနီ ¼ ခွက်
  • လှီးထားသော ပုဇွန်စိမ်း ၁ ခွက်
  • ရေ 7 ခွက်
  • ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။
  • ရေညှိအနည်းငယ်

အရင်ဆုံး ဆန်ကို ရေနဲ့ဆေးပြီး တစ်ည သို့မဟုတ် အနည်းဆုံး ၂ နာရီလောက် စိမ်ထားပေးပါ။

ချက်ခါနီးချိန်မှာ ဆန်ကို ဇကာနဲ့စစ်ထားပေးပါ။

အပူပေးထားတဲ့ အိုးထဲမှာ နှမ်းဆီကို အပူပေးပါ။ ပူလာပါက ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ပုဇွန်တို့ကို ထည့်ပါ။ စက္ကန့် 30 ခန့် မွှေပေးပါ။

ရေစစ်ထားတဲ့ဆန်ကို ထည့်ပါ။

မိနစ်အနည်းငယ်ကြာအောင် မကြာခဏ မွှေပေးပါ။

ရေထည့်ပေးပါ။

ပွက်ပွက်ဆူအောင် တည်ထားပါ၊ မီးကို လျှော့ပြီး အိုးအဖုံးအုပ်ထားပါ။ ခဏခဏ မွှေပေးပါ။ မိနစ် 30 လောက်ကြာရင်တော့ အံ့သြဖွယ်ကောင်းတဲ့ အနံ့ကို စရပါလိမ့်မယ်။

ငါးငံပြာရည်နဲ့ ဆားထည့်ပြီး အရသာမြည်းကြည့်ပါ။ သင်နှစ်သက်သလို အရသာကို ပြင်ပေးပါ။


ကျက်သွားပြီဆိုရင်တော့ ပန်းကန်လုံးထဲထည့်ပြီး အပေါ်ကနေ လှီးထားတဲ့ကြက်သွန်မြိတ်နဲ့ ရေညှိထည့်ပြီး အရသာရှိရှိ သုံးဆောင်လို့ရပါပြီ။

Source: tastykitchen.com