[Unicode]

တစ်ခါတလေ ပုစွန်ဟင်းချက်စားရတာ ငြီးငွေ့လာတတ်ပါတယ်။ အဆီအနှစ်တွေနဲ့ ထမင်းတွဲ စားရတာ အီလယ်လာတဲ့အခါမျိုးတွေ ကျန်းမာရေးအတွက်လည်း လိုက်ဖက်ညီ ကောင်းမွန်သော ပုစွန်ကင်နဲ့ အသီးအရွက်သုပ်လေးကို မျှတသောအာဟာရများပါဝင်တာကြောင့် လုပ်စားကြည်လိုက်ဦးနော်။

အသုပ်သုပ်ရန်ပါဝင်ပစ္စည်းများ

  • ဂေါ်ဖီ – ၁/၂ ခွက် (ခပ်ပါးပါး မျှင်မျှင်လေးတွေ လှီးထားပါ)
  • နံနံပင် – ၃ ပင် (ခပ်ကြမ်းကြမ်းလေးတွေလှီးထားပါ)
  • ချယ်ရီ ခရမ်းချဉ်သီး – ၁ဝ လုံး
  • ငရုတ်သီးစိမ်း – ၃ တောင့် (ခပ်ကြမ်းကြမ်းလေးတွေ လှီးထားပါ)
  • ငရုတ်ပွစိမ်း – ၁/၂ (အရှည်လိုက်လေးတွေလှီးထားပါ)
  • နှမ်းပဲငံပြာရည် – စားပွဲဇွန်း ၃ ဇွန်း
  • သံပရာရည် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းနက် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • (ပုစွန် နယ်နှပ်ထားရန် (Marinate the Prawn)
  • ပုစွန်ထုပ်ကြီး – ၄ ကောင် (အခွံနှင့် ထက်ခြမ်းခြမ်းထားပါ)
  • သံလွင်ဆီ – စားပွဲဇွန်း ၁ ဇွန်း
  • Cajun မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း

  1. ဖန်ဇလုံကြီးထဲ ပုစွန်နယ်နှပ်ရန် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး နယ်နှပ်ထားပါ။ ပုစွန်နယ်နှပ်ထားတုန်း ဖန်ဇလုံအကြီးထဲ သံပရာရည်နှင့် Japanese Sesame Soy Dressing များ ထည့်ပြီး ရော မွှေသွားအောင် ခလောက်ပါ။
  2. အာဗင်ကို အပူချိန် ၁၉ဝ ဒီဂရီလောက်ပေးထားပါ။ (မီးသွေးနှင့်ကင်မည်ဆိုလျှင် မီးသွေးမီးတောက်မှ ကင်ပါ)
  3. အာဗင်ထဲကင်ရန် ဘားတန်းစင်ပါသော အကင်ဗန်းပေါ် နယ်နှပ်ထားသော ပုစွန်ခြမ်းများစီတင်ပါ။ ပုစွန်နယ်နှပ်ထားသော ကျန်အရည်များကို စုတ်တံလေးဖြင့် သေချာပုစွန်ပေါ်သုတ်ပေးပါ။
  4. အာဗင်ထဲမှာ ပုစွန်များကို ၃-၄ မိနစ်လောက်ကင်ပါ။ အရောင် တက်လာလျှင် တစ်ဖက်လှည့်ပေးပြီး ၂ မိနစ်လောက်ထပ်ကင် ပါ။ အပြင်မှာ အနည်းငယ်အအေးခံပြီးမှ အရွက်သုပ်ဖြင့်တွဲစားပါ။
  5. အသုပ်သုပ်ရန် Japanese Dressing ဖန်ဇလုံထဲ အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး အရွက်ထဲ အရသာဝင်အောင် နယ်နှပ်ထားပါ။ ပြီးလျှင် ကင်(ဖုတ်) ထားသော ပုစွန်ဖြင့် တွဲစားပါ။

[Zawgyi]

တစ္ခါတေလ ပုစြန္ဟင္းခ်က္စားရတာ ၿငီးေငြ႕လာတတ္ပါတယ္။ အဆီအႏွစ္ေတြနဲ႔ ထမင္းတဲြ စားရတာ အီလယ္လာတဲ့အခါမ်ိဳးေတြ က်န္းမာေရးအတြက္လည္း လိုက္ဖက္ညီ ေကာင္းမြန္ေသာ ပုစြန္ကင္နဲ႔ အသီးအရြက္သုပ္ေလးကို မွ်တေသာအာဟာရမ်ားပါဝင္တာေၾကာင့္ လုပ္စားၾကည္လိုက္ဦးေနာ္။

အသုပ္သုပ္ရန္ပါဝင္ပစၥည္းမ်ား

  • ေဂၚဖီ – ၁/၂ ခြက္ (ခပ္ပါးပါး မွ်င္မွ်င္ေလးေတြ လွီးထားပါ)
  • နံနံပင္ – ၃ ပင္ (ခပ္ၾကမ္းၾကမ္းေလးေတြလီွးထားပါ)
  • ခ်ယ္ရီ ခရမ္းခ်ဥ္သီး – ၁ဝ လံုး
  • င႐ုတ္သီးစိမ္း – ၃ ေတာင့္ (ခပ္ၾကမ္းၾကမ္းေလးေတြ လွီးထားပါ)
  • င႐ုတ္ပြစိမ္း – ၁/၂ (အရွည္လိုက္ေလးေတြလွွီးထားပါ)
  • ႏွမ္းပဲငံျပာရည္ – စားပြဲဇြန္း ၃ ဇြန္း
  • သံပရာရည္ – လက္ဖက္ရည္ဇြန္း တစ္ဝက္
  • ႏွမ္းနက္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း
  • (ပုစြန္ နယ္ႏွပ္ထားရန္ (Marinate the Prawn)
  • ပုစြန္ထုပ္ႀကီး – ၄ ေကာင္ (အခံြႏွင့္ ထက္ျခမ္းျခမ္းထားပါ)
  • သံလြင္ဆီ – စားပဲြဇြန္း ၁ ဇြန္း
  • Cajun မႈန္႔ – လက္ဖက္ရည္ဇြန္း တစ္ဝက္

ျပဳလုပ္နည္း

  1. ဖန္ဇလံုႀကီးထဲ ပုစြန္နယ္ႏွပ္ရန္ ပါဝင္ပစၥည္းမ်ားအားလံုးထည့္ၿပီး နယ္ႏွပ္ထားပါ။ ပုစြန္နယ္ႏွပ္ထားတုန္း ဖန္ဇလံုအႀကီးထဲ သံပရာရည္ႏွင့္ Japanese Sesame Soy Dressing မ်ား ထည့္ၿပီး ေရာ ေမႊသြားေအာင္ ခေလာက္ပါ။
  2. အာဗင္ကို အပူခ်ိန္ ၁၉ဝ ဒီဂရီေလာက္ေပးထားပါ။ (မီးေသြးႏွင့္ကင္မည္ဆိုလွ်င္ မီးေသြးမီးေတာက္မွ ကင္ပါ)
  3. အာဗင္ထဲကင္ရန္ ဘားတန္းစင္ပါေသာ အကင္ဗန္းေပၚ နယ္ႏွပ္ထားေသာ ပုစြန္ျခမ္းမ်ားစီတင္ပါ။ ပုစြန္နယ္နွပ္ထားေသာ က်န္အရည္မ်ားကို စုတ္တံေလးျဖင့္ ေသခ်ာပုစြန္ေပၚသုတ္ေပးပါ။
  4. အာဗင္ထဲမွာ ပုစြန္မ်ားကို ၃-၄ မိနစ္ေလာက္ကင္ပါ။ အေရာင္ တက္လာလွ်င္ တစ္ဖက္လွည့္ေပးၿပီး ၂ မိနစ္ေလာက္ထပ္ကင္ ပါ။ အျပင္မွာ အနည္းငယ္အေအးခံၿပီးမွ အရြက္သုပ္ျဖင့္တဲြစားပါ။
  5. အသုပ္သုပ္ရန္ Japanese Dressing ဖန္ဇလံုထဲ အသုပ္သုပ္ရန္ ပါဝင္ပစၥည္းမ်ားအားလံုးထည့္ၿပီး အရြက္ထဲ အရသာဝင္ေအာင္ နယ္ႏွပ္ထားပါ။ ၿပီးလွ်င္ ကင္(ဖုတ္) ထားေသာ ပုစြန္ျဖင့္ တဲြစားပါ။