အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယား အစားအစာကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ သက်သတ်လွတ်သမားတွေလည်း စားသုံးလို့ရမယ့် ပဲပြား ထမင်းလိပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေညှိပြား ၅ ပြား
  • ထမင်းပူပူနွေးနွေး ၂ ပန်းကန်စာ
  • ပဲပြား ၁၀ အောင်စ
  • ဟင်းနုနွယ် ၁ စည်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ တစ်ဝက်

Source: steamykitchen.com

  • မုန်လာဥနီ အလတ်ဆိုဒ် ၂ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • သခွားသီး ၃ လုံး
  • ဆား အနည်းငယ်
  • ဟင်းချက်ဆီ အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပဲပြားကို လက်မဝက်အထူခန့် အလျားလိုက် လှီးဖြတ်ထားလိုက်ပါ။ ထို့နောက် သန့်စင်သော အဝတ်စနဲ့ ခြောက်အောင်သုတ်ပြီးနောက် ဆားနဲ့နယ်ထားလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ကာ ပဲပြားချောင်းများ ကြော်လိုက်ပါ။ လေးဘက်လေးတန်က ရွှေညိုရောင် ပြောင်းသွားပြီဆိုမှ ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

အိုးထဲမှာ ရေနွေးတည်ထားလိုက်ပါ။ တစ်ဆက်တည်းမှာပဲ ဇလုံတစ်ခုတည်းမှာ ရေခဲရေကို အဆင်သင့်ပြင်ထားလိုက်ပါ။ ရေနွေးပွက်ပွက်ဆူလာပါက ဟင်းနုနွယ်ကို စက္ကန့်အနည်းငယ် ထည့်နှစ်လိုက်ပါ။ ပြီးတာနဲ့ ချက်ချင်း ရေခဲရေထဲ ထည့်စိမ်ပြီးနောက် အရည်ညှစ်လိုက်ပါ။ ထို့နောက် အလျားလိုက် ခပ်ရှည်ရှည်လှီးဖြတ်ပြီးနောက် နှမ်းဆီ (လက်ဖက်ရည်ဇွန်း တစ်ဝက်)၊ ဆားတို့နဲ့ နယ်ထားလိုက်ပါ။

သခွားသီးကို လက်မဝက်ခန့် လှီးဖြတ်ပြီးနောက် အလယ်အူတိုင်မှ အစေ့များကို ဖယ်ထုတ်လိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး သခွားသီး နူးညံ့လာသည်အထိ ကြော်ပေးလိုက်ပါ။ ဒယ်အိုးပေါ်က ချပြီးတာနဲ့ ဆားဖြူးထားလိုက်ပါ။

မုန်လာဥနီကိုလည်း စောစောကနည်းအတိုင်း အလျားလိုက်ပါးပါးလှီးပြီး ကြော်လိုက်ကာ ဆားဖြူးထားလိုက်ပါ။

ထမင်းကို နှမ်းဆီ၊ ဆားတို့နဲ့ သမအောင် နယ်ထားလိုက်ပါ။

ဝါးပြားပေါ်တွင် ရေညှိလိပ်တင်ကာ ထမင်း ဖြန့်တင်လိုက်ပါ။ ထမင်းပေါ်မှာ ပဲပြား ၂ ချောင်း၊ သခွားသီး ၂ ချောင်းနဲ့ ဟင်းနုနွယ်၊ မုန်လာဥချောင်းများ အစီအရီထည့်လိုက်ပါ။

ထို့နောက် ဝါးပြားနဲ့ တင်းတင်းကြပ်ကြပ်လေး လိပ်ပေးလိုက်ပါ။ အထဲက အစာသွပ်များ အပြင်သို့မထည့်အောင် ဂရုစိုက်ပေးရပါမယ်။

ရရှိလာတဲ့ ထမင်းလိပ်ကို လက်မဝက်အထူခန့် ညီညီညာညာ လှီးဖြတ်ထားလိုက်ပါ။ လှီးဖြတ်ရတာ ပိုမိုလွယ်ကူဖို့အတွက် ဓားကို နှမ်းဆီသုတ်ပေးပြီးမှ လှီးဖြတ်လိုက်ပါ။

အားလုံး လှီးပြီးသွားတဲ့အခါမှာတော့ ပဲပြားထမင်းလိပ်ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: koreanbapsang.com