ပါဝင်ပစ္စည်းများ
- ပဲပြားသီး
- ငပိ
- ဆီ
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ကြက်သွန်နီကြော်
- ငရုတ်သီးစိမ်း
- နှမ်းမည်း
- ပုစွန်ခြောက်မှုန့်
- မကျည်းနှစ်အနည်းငယ်
- ငရုတ်သီးခြောက်
ပြင်ဆင်ပြုလုပ်နည်း
- ပဲပြားသီးကို ဘေးနားက အကြောလေးတွေ ဖယ်ပေးပါ ။ ပြီးရင် ရေနွေးဖျောပေးလိုက်ပါ။ ကျက်ပြီဆိုရင်တော့ ရေစင်အောင်ညှစ်ပြီး အနေတော်လေးတွေ ဖြတ်ပေးလိုက်ပါ ။
- ငရုတ်သီးခြောက်ထောင်းထားတဲ့ အနှစ်ကို ဆီသပ်ပါ။ ငပိနည်းနည်းထည့်ပေးပါ။ သက်သတ်လွတ်ဆိုရင်တော့ ပဲငပိကို သုံးပေးလို့ရပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီချက်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ နှမ်းမည်းလေး လှော်ပေးထားပါ။
- သုပ်မယ့်ခွက်ထဲ ပဲပြားသီးလေးတွေထည့်၊ ငရုတ်သီးအနှစ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီကျက်နည်းနည်း၊ ပုစွန်ခြောက်မှုန့်နည်းနည်း နဲ့ လှော်ထားတဲ့ နှမ်းမည်းကို ထည့်ပြီး ရောနယ်ပေးပါ။ အချို အငံ မိမိနှစ်သက်သလို စပ်ပေးပါ။ မကျည်းနှစ်အနည်းငယ်ထည့်ပြီး သုပ်ပေးပါ။ နောက်ဆုံး ကြက်သွန်နီကြော်လေး ဖြူးပေးပါက စားချင့်စဖွယ် အနံ့ အရသာလေးနဲ့ ပဲပြားသီးသုပ်လေးကို ရပါပြီ။
Credit: အစားအစာကမ္ဘာ