အားလုံးပဲ မင်္ဂလာပါ။ ချဉ်ချဉ်စပ်စပ်အသုပ်လေး သုပ်စားချင်သူများအတွက် ဒီတစ်ခါမှာတော့ ပဲပင်ပေါက် ပုစွန်ချဉ်စပ်သုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပင်ပေါက် ၂၀၀ ဂရမ်
  • ပုစွန်ခြောက် ၃၀ ဂရမ် (ရေထဲတွင် စိမ်ထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ရှောက်ရွက် ၃ ရွက် (ပါးပါးလှီးထားပါ)နှင့် သံပုယိုရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • အုန်းနို့ခရင်မ် ၁၂၅ မီလီလီတာ

  • ပုစွန် ၅၀၀ ဂရမ် (အခွံခွာပြီး ပြုတ်ထားပါ)
  • အုန်းသီးဖတ်များ ၁၁၀ ဂရမ်
  • မြေပဲ ၈၅ ဂရမ်
  • ငရုတ်သီး ၃ တောင့်
  • ဆားအနည်းငယ်နှင့် ရေ ၁၂၅ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒန်အိုးတစ်လုံးထဲတွင် ရေထည့်ကာ ရေနွေးပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ရေနွေးဆူပွက်လာပါက ပဲပင်ပေါက်ထည့်ကာ စက္ကန့် ၃၀ ခန့် ပြုတ်ပေးလိုက်ပါ။

၂။ ပုစွန်ခြောက်နှင့် ငရုတ်သီးတို့ကို ငရုတ်ဆုံထဲထည့်ကာ ညှက်နေအောင် ထောင်းထားလိုက်ပါ။ (သင့်အနေနဲ့ အစပ်ကြိုက်ပါက ငရုတ်သီးတောင့် ထပ်ထည့်နိုင်သလို အစပ်မစားနိုင်ပါက ငရုတ်သီးတောင့်ပမာဏကို လျော့ပေးနိုင်ပါတယ်)

၃။ ဇလုံအကြီးတစ်လုံးထဲတွင် ငရုတ်သီး ပုစွန်ခြောက်အနှစ်၊ ကြက်သွန်မြိတ်၊ ရှောက်ရွက်၊ သံပုယိုရည်၊ အုန်းနို့ခရင်မ်၊ ရေ ၁၂၅ မီလီလီတာ၊ အုန်းသီးဖတ်၊ မြေပဲ၊ ပဲပင်ပေါက်နှင့် ပုစွန်တို့ထည့်ပြီး သမအောင် နယ်ဖတ်ပေးလိုက်ပါ။

၄။ အပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ပန်းကန်ပြားထဲ ပြောင်းထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပင်ပေါက် ပုစွန်ချဉ်စပ်သုပ်လေး ရရှိသွားပါပြီ။ အားရပါးရ သုံးဆောင်လိုက်ပါ။