အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မိမိအိမ်မှာ ပေါ့ပေါ့ပါးပါး လုပ်စားနိုင်တဲ့ ဟင်းရွက်စုံ ကြာဇံသုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြာဇံခြောက် ၁ ထုပ် (၅၀ ဂရမ်ခန့်)
  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ဟင်းနုနွယ် ၁၀၀ ဂရမ် (ရင့်သောအပိုင်းများကို ဖယ်ရှားပြီးနောက် ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)
  • ဆားအနည်းငယ်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ရေနွေးပူ စားပွဲတင်ဇွန်း တစ်ဝက်
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြာဇံခြောက်ကို သန့်စင်သော ရေထဲတွင် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။ စိမ်ပြီးသွားပါက ပွက်ပွက်ဆူပြီးသာ ရေနွေးပူထဲတွင် စက္ကန့် ၃၀ ခန့် ထည့်ပြုတ်လိုက်ပါ။

၂။ ပွက်ပွက်ဆူနေသော ရေနွေးပူထဲတွင် ဆားအနည်းငယ်နှင့် နှမ်းဆီထည့်ပါ။ ထို့နောက် ဟင်းနုနွယ်နှင့် မုန်လာဥနီတို့ကို စက္ကန့် ၃၀ ခန့် ထည့်ပြုတ်လိုက်ပါ။ ထို့နောက် ရေအေးထဲသို့ ချက်ချင်းပြောင်းထည့်လိုက်ပါ။ ထို့နောက် ဟင်းရွက်များကို အရည်စင်အောင် ညှစ်ပေးလိုက်ပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်သွန်ဖြူနှင့် ရေနွေးပူ စားပွဲတင်ဇွန်း တစ်ဝက်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ရှာလကာရည်၊ သကြားနှင့် ပဲငံပြာရည်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ဇလုံအကြီးတစ်လုံးတွင် ကြာဇံ၊ ဟင်းနုနွယ်၊ မုန်လာဥနီနှင့် စောစောကပြုလုပ်ထားသော ဆော့စ်များကို လောင်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် လိုအပ်ပါက ပဲငံပြာရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ ကြာဇံသုပ်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com