၅ မိနစ်အတွင်း ထမင်းမိန်မိန် စားလို့ရမဲ့ ချဉ်စပ်ဟင်းတစ်ပွဲနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဈေးလဲ သက်သာ ထမင်းစားလဲ ဝင်စေသော အသုပ်ပါ ။ သုပ်စားကြည့်လိုက်နော် ။
ပါဝင်ပစ္စည်းများ
- ပဲပင်ပေါက် – ၄၅၀ ဂရမ် ပိုင်းထားပါ)
- ကြက်သွန်မြိတ် – ၂ ပင် (အပါးပါးလှီးထားပါ)
- နံနံပင် – ၁ စီး (အရိုးဖယ် အရွက်ပဲ)
- အချဉ်ရည် (dressing) )
- နှမ်းဆီ – ၁ ဇွန်း (စားပွဲဇွန်း)
- ငံပြာရည် – ၁ ဇွန်းခွဲ (စားပွဲဇွန်း
- ရှာလကာရည် – ၁ ဇွန်း (စားပွဲဇွန်း)
- အသားမှုန့် – ၂ ဇွန်း (လက်ဖက်ဇွန်း)
- ငရုတ်သီးစိမ်း – ၃ တောင့် (အစေ့ထုပ် ပါးပါးလှီးထားပါ)
- ချင်း – အနည်းငယ် (ခတ်ပါးပါးရှည်ရှည် လှီးထားပါ)
ပြုလုပ်နည်း
- အချဉ်ရည် အရင်လုပ်ရန် ဖန်ဇလုံထဲ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး သေချာမွှေပါ ။ မိနစ် ၃၀လောက် မသုံးခင် ကြိုလုပ်ထားလျင် အနံ့ အရသာ ပိုကောင်းပါတယ် ။
- အိုးထဲတွင် ဆား ၊ ရေ ထည့်ပြီး ဆူအောင် တည်ပါ ။ ရေဆူလျင် ပဲပင်ပေါက်ထည့် ရေဖျောပါ ။ ဇကာထဲ ရေစစ်ချပြီး ရေအေးဖြင့် ဆေးပါ ။ ရေစင်အောင် ခါပါ။
- ဇလုံအကြီးထဲ ပဲပင်ပေါက်နှင့် ကျန်ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီးနယ်ပါ ။ ချက်ချင်း သုံးဆောင်ပါ ။