အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့လည်း ညီညွှတ်သလို အရသာလည်း အင်မတန်ရှိတဲ့ ကညွှတ်အစာသွပ် အမဲသားလိပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကညွှတ် ၈ ချောင်း
  • အမဲသား ၁ ပေါင် (ပါးပါးလွှာလွှာလေး လှီးဖြတ်ထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆာကေး ခေါ် ဂျပန်အရက် စားပွဲတင်ဇွန်း ၈ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး တစ်လုံးထဲတွင် ပဲငံပြာရည်၊ ဂျပန်အရက်နှင့် သကြားတို့ကို သမအောင် ရောမွှေလိုက်ပါ။ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပါ။ ထို့နောက် အမဲသားဖြင့် ရောနယ်ပြီးနောက် ရေခဲသေတ္တာထဲတွင် ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ကညွှတ်များရဲ့ရင့်သောအစိတ်အပိုင်းများကို ဖယ်ရှားပါ။ ထို့နောက် ကညွှတ်ရဲ့အထူပေါ် မူတည်ပြီး တစ်ဝက် (သို့) လေးပိုင်း ဖြတ်ထားပါ။ ထိုကညွှတ်ချောင်းများကို ရေနွေးပူထဲတွင် ၂ မိနစ်ခန့် တည်ထားလိုက်ပါ။ ၂ မိနစ် တည်ပြီးပါက ရေအေးထဲ ချက်ချင်း ပြောင်းစိမ်ထားလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ စဉ်းနီတုံးပေါ်တွင် အမဲသားပြား ၂ လိပ်၊ ၃ လိပ်ခန့်ကို တစ်ခုနှင့် တစ်ခုထပ်ထားပါ။ ကညွှတ် ၂ ချောင်း၊ ၃ ချောင်းခန့်ကို အမဲသားပြားပေါ်တင်ပြီး တင်းတင်းကြပ်ကြပ်လေး လိပ်ပေးလိုက်ပါ။

ထိုနည်းအတိုင်း အမဲသားပြားနှင့် ကညွှတ်များ ကုန်သွားသည်အထိ လိပ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကညွှတ် အစာသွပ် အမဲသားလိပ်များ ထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် အမဲသားစိမ်ထားသော ပဲငံပြာရည် အရောအနှောအရည်များ ကျန်နေသေးပါက တပါတည်း လောင်းထည့်လိုက်ပါ။

၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကညွှတ်အစာသွပ် အမဲသားလိပ်များ ရရှိသွားပါပြီ။

Source: Thespruceeats.com