အာဟာရဓာတ်ပြည့်စုံပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းလျာတစ်ခွက်ကို မိနစ် ၃၀ အတွင်း ချက်ပြုတ်ပြင်ဆင်ချင်ပါသလား။

အဲ့ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ပန်းဂေါ်ဖီစိမ်း အမဲသားကြော်ကို ချက်ပြုတ်ပြင်ဆင်ကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ပါးပါးလှီးထားသော အမဲသား ၁ ပေါင်ခွဲ
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နုတ်နုတ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ နှင့် အမဲပြုတ်ရည် (သို့) ရိုးရိုးရေ စားပွဲတင်ဇွန်း ၄ ဇွန်းစီ
  • သကြားနှင့် ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ

  • ပန်းဂေါ်ဖီစိမ်း ၁၄၄ ဂရမ် (အနေတော် လှီးဖြတ်ထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်လိုက်ပါ။ ပန်းဂေါ်ဖီတုံးများကို ဒယ်အိုးထဲထည့်ပြီး ၄ မိနစ်ခန့် (နူးညံ့ပျော့ပျောင်းလာသည်အထိ) ကြော်ပေးလိုက်ပါ။

၂။ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထပ်ထည့်ပြီး စက္ကန့် (၃၀) ခန့် ထပ်ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းဂေါ်ဖီကြော်ကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ပြီး သပ်သပ်ဖယ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို သန့်စင်ပြီးတဲ့နောက်မှာ ကျန်ရှိနေတဲ့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ဆီပူလာအောင်စောင့်ပါ။

၄။ အမဲသားတုံးများကို ဆား၊ ငရုတ်ကောင်းတို့နဲ့ သမအောင် နယ်ပြီးနောက် ဒယ်အိုးထဲ ထည့်ကြော်ပေးလိုက်ပါ။ တစ်ခါကြော်ရင် ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပြီး နှစ်ခြမ်းစလုံးကြော်ပေးရပါမယ်။

၅။ အမဲသားတုံးများ အညိုရောင်ပြောင်းသွားပြီး ကောင်းစွာ ကျက်သွားပါက ပန်းဂေါ်ဖီကြော်ထပ်ပေါင်းထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၆။ ပန်းကန်လုံးတစ်လုံးထဲတွင် ခရုဆီ၊ အမဲပြုတ်ရည် (သို့မဟုတ် ရေ)၊ သကြား၊ နှမ်းဆီနဲ့ ပဲငံပြာရည်တို့ကို သမအောင် ရောမွှေလောက်ပါ။ အခြားပန်ကန်လုံးတစ်လုံးထဲတွင် ဆန်မှုန့်ကို ရေခဲရေ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ဖျော်ထားလိုက်ပါ။

၇။ အမဲသားကြော်ပေါ်သို့ ခရုဆီ အရောအနှောများ လောင်းထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ဆန်မှုန့်ရည်ထပ်ထည့်ပြီး ၁ မိနစ်ခန့် ထပ်တည်ပေးလိုက်ပါ။

၈။ ဆန်မှုန့်ရည်များ ပျစ်သွားပါက မီးဖိုပေါ်ကချပြီး ပန်းကန်ထဲပြောင်းထည့်ကာ ထမင်းနဲ့ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: dinneratthezoo.com