အာလူးချစ်သူများအတွက် ဒီတစ်ခါမှာတော့ အမဲသားနဲ့ ပြောင်းဖူးအစာသွပ်တို့ ထည့်ကာ အရသာရှိအောင် ပြုလုပ်ထားသော အာလူးကပ်သလိပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၃ လုံး
  • အမဲသား ဝ.၅ ကီလိုဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ပြောင်းဖူး အနည်းငယ်
  • ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ငရုတ်ပွ ၁ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ အသေး ၁ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ခရမ်းချဉ်သီး အလုံးသေး ၂ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ဆား၊ ငရုတ်ကောင်းမှုန့်နှင့် အခြားဟင်းခပ်အမွှေးအကြိုင်များ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူး ၃ လုံးကို အခွံခွာပြီး ၁၅ မိနစ်ခန့် ပြုတ်လိုက်ပါ။

၂။ အာလူးပြုတ်နေစဉ်မှာ နုပ်နုပ်စဉ်းထားသော အမဲသားများကို အညိုရောင်ပြောင်းသွားသည်အထိ ကြော်ရပါမယ်။

၃။ အမဲသားက အညိုရောင်ပြောင်းသွားပြီဆိုတာနဲ့ ငရုတ်ပွ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆားနှင့် ငရုတ်ကောင်းမှုန့်၊ အခြားအသုံးပြုသောဟင်းခပ်အမွှေးအကြိုင်တို့ထည့်ကာ သမအောင် ရောမွှေပါ။ ပြောင်းဖူးများထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်လိုက်ပါ။

ထို့နောက် ပန်းကန်လုံးထဲထည့်ကာ အအေးခံထားလိုက်ပါ။

၄။ အာလူးများ နူးအိသွားတဲ့အခါမှာတော့ ရေထဲက ဆယ်ယူပြီး ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြူးထည့်ကာ ညှက်နေအောင် ထောင်းလိုက်ပါ။

၅။ ထို့နောက် အာလူးများကို စားပွဲတင်ဇွန်း ၂ ဇွန်းစာခန့် ယူပြီး အလုံးလေး လုံးလိုက်ပါ။ ထို့နောက် ပလပ်စတစ် ၂ ခုကြားညှပ်ပြီး ပြားသွားအောင် ဖိလိုက်ပါ။ ပြီးရင်တော့ အမဲသား ပြောင်းဖူးအစာသွပ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ကို အလယ်ဗဟိုမှာ ထားပြီး အာလူးကို ပြန်လုံးပေးလိုက်ပါ။

အာလူးထောင်းများနှင့် အမဲသားအစာသွပ်များကုန်သွားသည်အထိ လုံးပေးလိုက်ပါ။

၆။ ကြက်ဥ ၃ လုံးကို မွှေခလောက်ထားပါ။ ထို့နောက် ဂျုံမှုန့်များ ထပ်ပေါင်းထည့်ကာ ထပ်မွှေခလောက်လိုက်ပါ။

၇။ နောက်တစ်ဆင့်အနေနဲ့ အစာသွပ်ထားသော အာလူးကပ်သလိတ်များကို ဂျုံမှုန့် ကြက်ဥအရောအနှောထဲ ထည့်နှစ်လိုက်ပါ။

၈။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက အာလူးကပ်သလိတ်များကို လှပသော ရွှေညိုရောင် အရောင်အဆင်းပြောင်းသွားသည်အထိ ကြော်လိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အမဲသား ပြောင်းဖူးအစာသွပ် အာလူးကပ်သလိတ်များ ရရှိသွားပါပြီ။

Source: TheCooknShare