အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အမဲသားဟင်း ကြိုက်နှစ်သက်သူများအတွက် အမဲသား ခရမ်းသီးနှပ်ဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ဓားပြားရိုက်ထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အမဲသား ၆၀၀ ဂရမ် (အနေတော် အတုံး တုံးထားပါ)

  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဇီရာစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရမ်းချဉ်သီး ၈၀၀ ဂရမ် (အနေတော် တုံးထားပါ)
  • ငရုတ်သီး အနီတောင့် ၁ တောင့် (ထက်ခြမ်း ခြမ်းထားပါ)

  • ခရမ်းသီး ၃၀၀ ဂရမ် (၄ လုံး၊ ၅ လုံးခန့်) အနေတော် လှီးဖြတ်ထားပါ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုး ၁ လုံးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက အမဲသားများထည့်ကာ ၆ မိနစ်၊ ၈ မိနစ်ခန့် မွှေကြော်ပါ။ အမဲသားများ အညိုရောင် ပြောင်းသွားပါက ကြက်သွန်ဖြူ၊ ဂျင်း၊ သစ်ကြမ်းပိုးခေါက်၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်နှင့် ဇီရာစေ့တို့ထည့်ကာ ၁ မိနစ်ခန့် နှံ့အောင် မွှေပေးပါ။

၂။ ထို့နောက် ခရမ်းချဉ်သီး၊ ငရုတ်သီးနှင့် ရေ စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ထည့်ကာ အဖုံးအုပ်ထားလိုက်ပါ။ ထို့နောက် မီးအေးအေးဖြင့် ၁ နာရီခန့်တည်ပါ။ အမဲသားများ နူးအိဖို့ရန်အတွက် ရေ လိုအပ်ပါက ထပ်ထည့်နိုင်ပါတယ်။

၃။ အမဲသား ချက်နေစဉ်မှာ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ကျန်ရှိနေသော ဆီရဲ့တစ်ဝက်ခန့်ထည့်ပါ။ ထို့နောက် ခရမ်းသီး တစ်ဝက်ခန့်ထည့်ကာ ၅ မိနစ်၊ ၆ မိနစ်ခန့် ချက်ပါ။ ထို့နောက် ကျန်ရှိနေသော ဆီအားလုံးထည့်ကာ ခရမ်းသီး အားလုံး ထည့်ပြီးနောက် ၅ မိနစ်၊ ၆ မိနစ်ခန့် မွှေပါ။

၄။ အမဲသား နူးအိသွားပြီဆိုရင်တော့ ခရမ်းသီးများကို အမဲသားအိုးထဲထည့်ကာ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပါ။ ထို့နောက် ၃ မိနစ်၊ ၄ မိနစ်ခန့် နှံ့နေအောင် မွှေပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အမဲသား ခရမ်းသီးနှပ် ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Taste.com.au