အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အမဲသားနှင့် မှို ရောကြော် ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁၂ အောင်စ (ပါးပါးလှီးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် စားပွဲတင်ဇွန်း ၂ ဇွန်း

  • အမဲပြုတ်ရည် နွေးနွေးလေး ၇၅၀ မီလီလီတာ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား၊ သကြားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဂျင်း ၃ ပြား

  • ကြက်သွန်မြိတ် ၂ ပင်နှင့် ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • မှို ၁၀ အောင်စ
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း (ရေ စားပွဲတင်ဇွန်း ၃ ဇွန်းဖြင့် ရောနှောထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါးပါးလှီးထားသော အမဲသားကို ရေ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ခရုဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ဖြင့် သမအောင် နယ်ထားကာ ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ အမဲပြုတ်ရည် နွေးနွေးလေးကို ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ခရုဆီ စားပွဲတင်ဇွနန်း ၂ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဆား၊ သကြားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ အမဲသားထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပေးလိုက်ပါ။ ပြီးတာနဲ့ ပန်းကန်လုံးထဲသို့ ချက်ချင်းပြောင်းထည့်လိုက်ပါ။

၄။ ထိုဒယ်အိုးထဲသို့ပင် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဂျင်း၊ ကြက်သွန်မြိတ်ရဲ့ ဖြူသောအစိတ်အပိုင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပါ။ ၁၅ စက္ကန့်ခန့် ဆီသတ်ပြီးပါက မှို ထည့်ကာ မွှေကြော်ပေးလိုက်ပါ။

၅။ ထို့နောက် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲထည့်ပြီးနောက် စက္ကန့် ၂၀ ခန့် မွှေကြော်ပါ။

၆။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော အမဲပြုတ်ရည်အရောအနှောကို အိုးထဲလောင်းထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက အမဲသားနှင့် ကျန်ရှိနေသော ကြက်သွန်မြိတ်များထည့်ကာ သမအောင် မွှေပေးရပါမယ်။

၇။ ပြီးရင် ပြောင်းမှုန့်နှင့် ရေရောထားသော အရောအနှောကို အိုးထဲသို့ လောင်းထည့်ကာ ဟင်းရည် ပျစ်သွားသည်အထိ တည်ပေးလိုက်ပါ။ မကြာခဏမွှေပေးဖို့လည်း လိုက်ပါတယ်။

၈။ ဟင်းရည် ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား မှို ရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Thewoksoflife.com