အရသာရှိတဲ့ဟင်းလျာတစ်ခွက်ကိုမှ မြည်းစမ်းစားသုံးချင်ကြတဲ့ အစားအသောက်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ ချက်ပြုတ်ရလွယ်ကူပြီး အရသာလည်းရှိတဲ့ မှို အမဲသားရောကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၄ အောင်စ
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ကြက်ပြုတ်ရည် (သို့) အမဲပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည် ၁ ခွက် (စားပွဲတင်ဇွန်း ၁၆ ဇွန်း)
  • ရှီကာကီမှိုအခြောက် ၃ ပွင့် (ရေစိမ်ထားပြီးနောက် ပါးပါးလှီးပါ)
  • အပ်မှို ၃ အောင်စ (အရင်းပိုင်းကို ဖြတ်ထုတ်ထားပါ)
  • ငရုတ်သီးတောင့် ၁ တောင့်
  • မုန်လာဥနီ ၁ လုံး (အလျားလိုက် ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)

  • ကြက်သွန်မြိတ် ၂ ပင် (၂ လက်မအရှည် လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ပြုတ်ရည်နှင့် ပြောင်းမှုန့်တို့ကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ကာ သမအောင် ရောမွှေပါ။

၂။ ဒယ်အိုးကို အပူပေးပြီး နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီးနောက် အမဲသား၊ ကြက်သွန်ဖြူ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ပါ။ သစ်သားယောင်းမဖြင့် ၂ မိနစ်ခန့် မွှေကြော်ပါ။

၃။ ရှီတာကီမှို၊ အပ်မှို၊ ကြက်သွန်နီ၊ မုန်လာဥနီနှင့် ငရုတ်သီးတောင့်တို့ထည့်ကာ ဟင်းရွက်များ နူးအိသွားသည်အထိ ၂ မိနစ်ခန့် မွှေကြော်ပါ။

၄။ ထို့နောက် ခရုဆီ၊ ကြက်ပြုတ်ရည် ပြောင်းမှုန့်အရောအနှောတို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် မီးအေးအေးဖြင့် ဆူလာအောင် တည်ထားပါ။

ဟင်းရည်အနှစ်များ ပွက်ပွက်ဆူပြီး ပျစ်သွားတဲ့အခါမှာတော့ ကြက်သွန်မြိတ်၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ ထပ်ထည့်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မှို အမဲသားရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Maangchi.com