အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အမဲသားနဲ့ မှိုကြော် စပ်စပ်လေးကို အရသာရှိအောင် ဘယ်လိုကြော်စားကြမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၄ အောင်စခန့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ကြက်စွပ်ပြုတ် ၂၅၀ မီလီလီတာ
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဟင်းသီးဟင်းရွက်များ

  • မှို ၂ အောင်စခန့်
  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၅ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်နှင့် ပြောင်းမှုန့်များကို ရောနှောလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပါ။ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ အမဲသား၊ ကြက်သွန်ဖြူ၊ ဆားနျင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ မှို၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ငရုတ်သီးတို့ ထည့်ပြီး ၂ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

၄။ ခရုဆီနှင့် ကြက်ပြုတ်ရည်တို့ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။ မီးအေးအေးလေးဖြင့် ဆူပွက်လာအောင် တည်လိုက်ပါ။

၅။ ၂ မိနစ်ခန့် တည်ပြီးတဲ့နောက်မှာ အမဲသား မှိုကြော် စပ်စပ်လေးကို ထမင်းနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: maangchi.com