ထမင်းစားတဲ့အခါ ဟင်းရည်ပူပူလေးပါမှ စားမြိန်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး အရသာလည်းရှိတဲ့ အမဲသား မုန်လာဥဟင်းရည် ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ဝ.၅ ပေါင် (အနေတော်အတုံး တုံးထားပါ)
  • ကိုရီးယား မုန်လာဥ ဝ.၅ ပေါင် (ရေဆေးပြီး အခွံခြစ်ထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ ၂ လီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန်လာဥများကို မထူမပါး အနေတော်ခန့် လှီးဖြတ်ထားပါ။

၂။ ဒန်အိုးကို အပူပေးပြီး ရေ ၂ လီတာနှင့် မုန်လာဥများထည့်ကာ အဖုံးဖုံးထားပြီး ၁၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။ (မီးအပူချိန် ပြင်းပြင်းဖြင့်)

၃။ ၁၅ မိနစ်ပြည့်ပါက အမဲသားနှင့် ကြက်သွန်ဖြူတို့ထည့်ပါ။ မီးအပူချိန်ကို အလယ်အလတ်မီးအပူချိန်သို့ လျော့ပြီးနောက် ၂၅ မိနစ်ခန့် တည်ပါ။

၄။ အမဲသားများ နူးအိသွားပါက ငါးငံပြာရည်၊ ဆားနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၅။ ထို့နောက် နောက်ထပ် ၅ မိနစ်ခန့် ဆက်တည်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ ဟင်းချိုအိုးကို မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာလည်းရှိပြီး ထမင်းစားမြိန်စေမယ့် အမဲသား မုန်လာဥဟင်းရည်လေး ရရှိသွားပါပြီ။

Source: Maangchi.com