အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar ရဲ့ အစားအသောက်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ အမဲသား ခရမ်းချဉ်သီးနှပ်ဟင်းလျာပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• အမဲသား တစ်ပေါင် (ကုဗတုံးပုံသဏ္ဍာန် တုံးထားပါ)
• ကြက်သွန်မြိတ် ၃ ပင် (ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)
• ဂျင်း ၄ ပြားနှင့် ကြက်သွန်ဖြူ ၄ မြွှာ
• ငရုတ်သီး ၄ တောင့် (ပါးပါးလှီးထားပါ)
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း သုံးဇွန်း

• ခရမ်းချဉ်သီး ၂ လုံး (တစ်လုံးကို ရှစ်စိပ် စိတ်ထားပါ)
• သကြား စားပွဲတင်ဇွန်း တစ်ဝက်
• ရေနွေး ၅၀၀ မီလီလီတာ
• ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
• ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို အိုးတစ်လုံးထဲ ထည့်ပြီးနောက် ရေ ၅၀၀ မီလီလီတာထည့်ပြီး ၅ မိစန်ခန့် တည်ထားလိုက်ပါ။ အချိန်ပြည့်ပါက အမဲသားများကို ဆယ်ယူလိုက်ပြီး ရေအေးထဲမှာ ၃၀ စက္ကန့်ခန့် ဆေးကြော်လိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်တို့ထည့်ပြီး ၂ မိနစ်ခန့် ဆီသတ်လိုက်ပါ။

၃။ ထို့နောက် ထိုဒယ်အိုးထဲသို့ အမဲသားတုံးများထည့်ပြီး ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ခရမ်းချဉ်သီးများ ထည့်ပြီး သကြားထည့်ကာ ၃ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ ရေနွေး ၅၀၀ မီလီလီတာကို အိုးထဲထည့်ပြီး အဖုံးဖွင့်လျက်သားဖြင့် မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၆။ ဆူပွက်လာပါက ဆားနှင့် ပဲငံပြာရည်တို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ၃ မိနစ်ခန့် ဆက်တည်ထားလိုက်ပါ။

နောက်ဆုံးမှာတော့ ထမင်းနဲ့ တွဲဖက်စားသုံးနိုင်တဲ့ အမဲသား ခရမ်းသီးနှပ်ဟင်းလျာတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Spicetheplate.com