အားလုံးပဲမဂ်လာပါနော်။ အရသာလည်းရှိတယ်။ အာဟာရလည်းရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အမဲသား ပန်းဂေါ်ဖီစိမ်းကြော်လေး ကြော်စားရအောင်။

ပါဝင်ပစ္စည်း

  • အမဲသားအတွက်
  • အမဲသား ၁ ပေါင်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက် ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

ဆော့စ်အတွက်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဟင်းချက် ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဂျင်း တောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • အမဲပြုတ်ရည် (သို့) ရေခွက်တစ်ဝက်
  • ကော်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ကြော်ရန်အတွက်

  • ဆီ အနည်းငယ်
  • ကြက်သွန်မြိတ်တောက်တောက်စဉ်းအနည်းငယ်
  • ပန်းဂေါ်ဖီစိမ်းတစ်ခွက်

ပြုလုပ်နည်း

အရင်ဆုံးခွက်တစ်လုံးထဲမှာ အမဲသား၊ ပဲငံပြာရည်နဲ့ ဝိုင်တို့ကို ထည့်နယ်လိုက်ပါ။

ဆော့စ်အတွက် ပါဝင်ပစ္စည်းတွေအားလုံးကိုရောလိုက်ပါ။

ပန်းဂေါ်ဖီစိမ်းကို ရေနွေးပူပူနဲ့ ၂-၃ မိနစ်လောက်ပြုတ်လိုက်ပါ။ ပြီးရင်ဆယ်ထားပါ။

အိုးကိုအပူပေးပြီးဆီထည့်ပါ။ အမဲသားထည့်ကြော်ပါ။ အမဲသားလေးအရောင်ပြောင်းလာပြီ ရပြီဆိုရင် ၁-၂ မိနစ်လောက်မမွေပဲ ထားထားပါ။ အားလုံးကျက်သွားရင် အမဲသားကိုခဏဖယ်ထားလိုက်ပါ။

ပြီးရင်တော့ အိုးတစ်လုံးကို ဆီထပ်ထည့်ပြီး ကြက်သွန်မြိတ်ထည့်ပါ။ ပန်းဂေါ်ဖီစိမ်းထည့်လိုက်ပြီးခဏကြော်လိုက်ပါ။ ပြီးရင်တော့ အမဲသားကြော်ထည့်ပြီးခဏမွှေပေးပါ။ ဆော့လ်ထည့်လိုက်ပါ။ ပြီးရင်တော့ သေချာလေးမွှေပေးပြီး ထမင်းပူပူနဲ့သုံးဆောင်နိုင်ပါတယ်နော်။

Photo: www.fifteenspatulas.com

By: MyFood Myanmar