အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းရွက်များနဲ့ ပရိုတင်းဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အမဲသားကို ရောကြော်ကာ အရသာရှိရှိ ချက်ပြုတ်နိုင်မယ့်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၂၀၀ ဂရမ်
  • ပန်းဂေါ်ဖီစိမ်း ၁၈၀ ဂရမ်
  • ရေ အနည်းငယ်
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • ၅ စင်တီမီတာအရှည်ရှိသော ဂျင်းတုံး ၁ တုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)

  • မုန်လာဥနီ တစ်ဝက် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်၊ ဆန်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးထဲထည့်ကာ ပဲငံပြာရည်၊ ဆန်ဝိုင်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်နှင့် ပြောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားပါ။ ထို့နောက် ၁၅ မိနစ်ခန့် နှပ်ထားပါ။

၂။ အိုးတစ်လုံးထဲသို့ ရေ ထည့်ကာ ဆူပွက်လာအောင် တည်ပါ။ ထို့နောက် ဆီ တစ်စက်၊ နှစ်စက်ခန့် ထည့်ပါ။

ထို့နောက် ပန်းပွင့်စိမ်းနှင့် မုန်လာဥနီတို့ကို ရေနွေးပူထဲတွင် ၁၀ စက္ကန့်ခန့် ပြုတ်လိုက်ပါ။ ထို့နောက် ဟင်းရွက်များကို ပန်းကန်လုံးထဲသို့ ဆယ်ယူထားပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက အမဲသားပြားများကို ၇၀ ရာခိုင်နှုန်းခန့် ကျက်အောင် ကြော်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ဆယ်ယူထားပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ကျန်ရှိနေသောဆီများအားလုံး ထည့်ပါ။ ဂျင်းထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် အမဲသားကြော်များထည့်ကာ ၁ မိနစ်ခန့် ကြော်ပါ။ ထို့နောက် ပန်းဂေါ်ဖီစိမ်းနှင့် မုန်လာဥနီများထည့်ပါ။

ပဲငံပြာရည်၊ ခရုဆီ၊ နှမ်းဆီ၊ သကြား၊ ပြောင်းမှုန့်နှင့် ရေတို့ထည့်ကာ သမအောင် ကြော်ပါ။

၅။ အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ မုန်လာဥ ပန်းဂေါ်ဖီစိမ်း အမဲသားရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Asianfoodnetwork.com