အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူး၊ ငရုတ်ပွ၊ ခရမ်းချဉ်သီး စတဲ့ဟင်းသီးဟင်းရွက်စုံစုံလင်လင်နဲ့ ထည့်ချက်ထားတဲ့ သီးစုံ အမဲသားဟင်းအစပ် ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၂ ပေါင် (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ခရမ်းချဉ်သီးအနှစ် ၈ အောင်စ
  • ခရမ်းချဉ်သီး ၁ လုံး (အတုံးခပ်သေးသေး တုံးထားပါ)
  • အမဲပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • အုန်းနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း

  • မြေပဲထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၁ ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • အာလူး ၂ လုံး (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ)
  • ငရုတ်ပွအနီနှင့် အစိမ်း ၁ ခုစီ (ပါးပါးလှီးထားပါ)

  • ငရုတ်သီးစိမ်း ၃ တောင့်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကိုအပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီးတို့ထည့်ကာ ခရမ်းချဉ်သီးများ ပျော့သွားသည်အထိ မွှေပါ။

၂။ ပြီးရင်တော့ အမဲသားတုံးများထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ မွှေကြော်ပါ။

၃။ ထို့နောက် ခရမ်းချဉ်သီးဆော့စ်နှင့် အမဲပြုတ်ရည်တို့ထည့်ပါ။ အိုးအဖုံး အုပ်ပြီး မီးအေးအေးဖြင့် ဆော့စ်များ တစ်ဝက်ခန့်လျော့ကျသွားသည်အထိ တည်ထားလိုက်ပါ။

၄။ အုန်းနို့ထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပြီး အဖုံးအုပ်ထားပါ။ ထို့နောက် အမဲသား နူးအိသွားသည်အထိ တည်ထားလိုက်ပါ။

၅။ မြေပဲထောပတ်ထည့်ကာ သမအောင် မွှေပါ။ အာလူးတုံးများ ထည့်ပြီးနောက် အဖုံးအုပ်ပြီး ၁၀ မိနစ်ခန့်တည်ပါ။

၆။ ထို့နောက် ငရုတ်ပွထည့်ပြီး အဖုံးအုပ်ကာ ၁၂ မိနစ်ခန့် တည်ပါ။ ၁၂ မိနစ်ပြည့်ပါက ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာပြီးပြည့်စုံတဲ့ သီးစုံ အမဲသားအစပ်ဟင်းလေး ရရှိသွားပါပြီ။

Source: Panlasangpinoy.com