အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော် စားရတာလည်း ကြိုက်တယ်၊ ကိုရီးယားအစားအစာလည်း နှစ်သက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမဲသားကင်ချီထမင်းကြော်ကိုလည်း စာဖတ်သူတို့အနေနဲ့ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၂၂၅ ဂရမ် (ပါးပါးလှီးထားပါ)
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၄ လုံး

  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်ပွအနီ (ပါးပါးလှီးထားပါ)
  • ကင်ချီ အနည်းငယ်
  • ထမင်း ပန်းကန်လုံး ၄ လုံးစာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးတွင် အမဲသားထည့်ကာ ပြောင်းမှုန့်၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ပဲငံပြာရည်၊ သကြားနှင့် ဟင်းချက်ဝိုင်တို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်ဥများကို Half-Fried ကြော်ထားပါ။ ထို့နောက် ပန်းကန်ပြားထဲတွင် ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက အမဲသားထည့်ကာ မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ထားလိုက်ပါ။

၄။ ဒယ်အိုးထဲသို့ နောက်ထပ် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ကြက်သွန်ဖြူထည့်ကာ ဆီသတ်ပါ။ ငရုတ်ပွထည့်ပြီးနောက် နောက်ထပ် ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ကင်ချီထည့်ကာ သမအောင် ထပ်မွှေပါ။ နောက်ဆုံးကျမှ ထမင်းများ အားလုံးထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ အမဲသားထည့်ပါ။ ဆားနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ အမဲသားကင်ချီထမင်းကြော်လေး ရရှိသွားပါပြီ။

ကြက်ဥ Half-Fried လေးနဲ့ အရသာရှိရှိ အားရပါးရသုံးဆောင်နိုင်ပါပြီ။

Source: Thewoksoflife.com