အမဲသားကို ကြာကြာလေးအချိန်ပေးပြီး ပြင်ဆင်ချက်ပြုတ်မယ်ဆိုရင်တော့ နူးနူးလေးနဲ့စားလို့ကောင်းတဲ့ ဟင်းလျာတစ်ပွဲရရှိပြီပေါ့။ နူးညံ့တဲ့ အမဲသားကိုမှ အာလူးလေးနဲ့ တွဲချက်လိုက်မယ်ဆိုရင် လျှာလည်သွားမယ့် ဟင်းတစ်ခွက်ကို စားသုံးနိုင်မှာပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား အာလူးစွပ်ပြုတ်ဟင်းလျာကို ဘယ်လိုပြင်ဆင်ချက်ပြုတ်နိုင်သလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
- အမဲသား ၁ ပေါင်ခွဲ
- မုန်လာဥနီ ၂ လုံး
- တရုတ်နံနံ ၃ စည်း
- ကြက်သွန်နီ ၁ လုံး
- ရေ ခွက် ၄ ခွက်စာ
- အာလူးအကြီး ၄ လုံး
- လှီးဖြတ်ထားသော နံနံပင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆားအနည်းငယ်
- ငရုတ်ကောင်းမုန့်အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
အမဲသားတုံးကို ၁ လက်မ ကုဗတုံးပုံစံ အတုံးလေးများ လှီးဖြတ်ထားလိုက်ပါ။
အိုးအကြီးတစ်လုံးထဲမှာ အလယ်အလတ်မီးအပူချိန်ဖြင့် အမဲသားတုံးများကို အညိုရောင်သမ်းလာသည်အထိ ချက်ပြုတ်ပေးလိုက်ပါ။ ရေ ၂ ခွက်ထည့်ကာ နံနံပင်ပါတစ်ခါတည်းထည့်လိုက်ပါ။ ထို့နောက် မီးအပူချိန်ကို ထပ်လျော့ပြီး အိုးကို အဖုံး ဖုံးထားကာ ၁ နာရီခန့် ဆူအောင် တည်ထားပါ။
အမဲသားဆူတာကို စောင့်နေတဲ့အချိန်မှာ မှာ အာလူးကို အခွံခွာထားပြီး အတုံးခပ်သေးသေးလေးတွေ တုံးထားပါ။ မုန်လာဥနီကိုလည်း အတုံးဝိုင်းလေးတွေ တုံးထားပါ။ ကြက်သွန်နီ ပါးပါးလှီးပြီး တရုတ်နံနံကိုလည်း အနေတော် လှီးဖြတ်ထားပါ။
အမဲသားအိုးတည်ထားက အချိန်ပြည့်သွားပြီဆိုရင်တော့ အာလူး၊ ကြက်သွန်နီ၊ တရုတ်နံနံ၊ မုန်လာဥနီတို့ကို အိုးထဲ ထည့်လိုက်ပါ။ ကျန်ရှိတဲ့ ရေ ၂ ခွက်စာကို ထပ်ထည့်ပါ။ (ဒါမှမဟုတ် မိမိထည့်ချင်တဲ့ ရေပမာဏ ထပ်ထည့်လို့ရပါတယ်)
ပြီးရင် ဆားနဲ့ ငရုတ်ကောင်းထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ထို့နောက် အဖုံးပြန်ဖုံးအုပ်ထားပြီး အမဲသားနူးဖို့နဲ့ အာလူး၊ မုန်လာဥနီများ နူးလာဖို့အတွက် အဖုံးပြန်အုပ်ထားပြီး တစ်နာရီခန့် ထပ်တည်ထားပါ။
အချိန်ပြည့်သွားပြီဆိုရင်တော့ အမဲသား အာလူးဟင်းကို ပန်းကန်လုံးလေးထဲထည့်ကာ ထမင်းလေးနဲ့ ပူပူလေးသုံးဆောင်လို့ရပါပြီ။
Source: www.mydeliciousmeals.com