အင်းလေး ဒေသတွင် အမဲသားရေကို ပုံ ၁ တွင် ပြထားသည့်အတိုင်း အခြောက်လှမ်း၍ အမဲသားရေ အခြောက် ပြုလုပ်ထားကြသည် ။ အမဲ သားရေ အခြောက်ကို ကြော်၍ လည်းကောင်း ၊ သုပ်၍ လည်းကောင်း စားကြပါသည် ။ အမဲသားရေဂွကြော်ကို ငါးထမင်းနယ် ၊ ရှမ်းခေါက်ဆွဲ ၊ တို့ဖူးနွေးတို့နှင့် တွဲစားကြပါသည် ။ အသုပ်ကို အချို့က ထမင်းနှင့် တွဲစား၍ ၊ အချို့ကလည်း အဆာပြေ ရေနွေးကြမ်းလေးနှင့် တွဲစားပါသည် ။ စားလို့ကောင်းပါတယ် ။ အမဲသားရေက ထုပ်ထုပ်နဲ့ ၊ ငှက်ပျောဖူးက အိအိလေး ၊ နှမ်းပါတော့ မွှေးမွှေးနဲ့ပေါ့ ။ အင်းဒေသ ရောက်ရင် စားကြည့်ပါ ။
ပါဝင်ပစ္စည်းများ
- အမဲသားရေ
- ငှက်ပျောဖူးပွင့်
- နှမ်းလှော်
- ခရမ်းချည်သီး
- ဆား
- ကြက်သွန်ဖြူဆီချက်
- ငရုတ်သီးမှုန့် ခွဲကြမ်း ဆီကြော်
- အချိုမှုန့်
ပြုလုပ်နည်း
- အမဲသားရေကို ရေအကြာကြီး စိမ်ပါ (၁၈ နာရီခန့်) ။ ပြီးလျှင် မီးအေးအေးဖြင့် နူးသည်အထိ ပြုတ်ပါ။ နူးလျင် အမဲသားရေကို တလက်မ ကျော်ကျော်ခန့် ဖြတ်ထားပါ ။
- ခရမ်းချဉ်သီးများကို ရေမြုပ်အောင် ပြုပ်ပြီး ခရမ်းချဉ်သီးအရည်ကို ဇကာဖြင့် တိုက်ချပါ ။ ခရမ်းချဉ်သီး အခွံနှင့် အစေ့ကို မသုံးပါ။ ငှက်ပျောဖူးပွင့်၏ အနုလေးများကို ပြုပ်၍ ပါးပါး လှီးထားပါ။
- ပြီးလျှင် အမဲသားရေ နှင့် ငှက်ပျောဖူးပွင့် ကို ဆား ၊ ခရမ်းချည်သီး အရည် ၊ အချိုမှုန့် တို့နှင့် နှံ့စပ်အောင်နယ်ပါ ။
- အရသာ အပေါ့အငံမြည်း၍ ကြက်သွန်ဖြူဆီချက်ကို အပေါ်မှ အနည်းငယ် ဆန်း၍ သုံးဆောင်နိုင်ပါပြီ။ အစပ် နှစ်သက်ပါက ငရုတ်သီးမှုန့် ခွဲကြမ်း ဆီကြော် ထည့်၍ စားနိုင်ပါသည်။
Credit: Ma Aye & My Food Myanmar