အားလုံးပဲ မင်္ဂလာပါ။ အကင်စာများ နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ကင်ထားတဲ့ အမဲသားကင် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၈၀၀ ဂရမ်
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ တစ်ဝက် (ပါးပါးလှီးထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၆ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပန်းသီး (သို့) သစ်တော်သီး ၁ လုံး
  • ကြက်သွန်နီ တစ်ခြမ်း၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းသီး (သို့) သစ်တော်သီးကို အတုံးသေးသေး တုံးထားပါ။ ထို့နောက် ပဲငံပြာရည်၊ သကြားညို၊ ဆန်ဝိုင်၊ ပန်းသီး၊ ကြက်သွန်နီတစ်ခြမ်း၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်ကောင်းမှုန့်တို့ကို ဖျော်စက်ထဲထည့်ပြီး အနှစ်များ ရသွားသည်အထိ ဖျော်ပေးလိုက်ပါ။

၂။ အမဲသားများကို ပါးပါးလှီးပါ။ ထို့နောက် ပန်းကန်လုံးအကြီးထဲ ထည့်ထားပါ။ စောစောကဖျော်ထားသော အရောအနှောများ လောင်းထည့်ကာ အသားများ နှံ့စပ်သွားအောင် နယ်ပေးလိုက်ပါ။

ထို့နောက် နှမ်းဆီထည့်ကာ သမအောင် ထပ်နယ်ပါ။

ပြီးရင်တော့ ထိုပန်းကန်လုံးကို လုံအောင်အုပ်ထားပြီး ရေခဲသေတ္တာထဲတွင် ၄ နာရီကြာအအေးခံထားလိုက်ပါ။ (အချိန်ရမယ်ဆိုရင်တော့ ပိုအရသာရှိအောင်လို့ တစ်ညတာခန့် စိမ်ထားနိုင်ပါတယ်။)

၃။ ထို့နောက် ရိုးရိုးဒယ်အိုး (သို့) အကင်ဒယ်အိုးကို မီးအပူပေးပါ။ ဟင်းချက်ဆီထည့်ပါ။ ထို့နောက် နှပ်ပြီးသားအမဲသားများနှင့် ကြက်သွန်နီ၊ မုန်လာဥနီတို့ထည့်ကာ အသားများ ကျက်သွားသည်အထိ ၃ မိနစ်မှ ၅ မိနစ်ခန့် ကင်ပေးလိုက်ပါ။

ကင်ပြီးတဲ့အမဲသားများကို ပန်းကန်ပြားထဲထည့်ကာ ကြက်သွန်မြိတ်နှင့် နှမ်းစေ့တို့ ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားအမဲသားကင်ဟင်းလျာလေး ရရှိသွားပါပြီ။ ကင်ချီနဲ့ တို့စားပါက ပိုအရသာရှိပါတယ်။

Source: Mykoreankitchen.com