အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားဟင်းလျာများကို ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ အမဲသား ကင်ချီချဉ်စပ်ဟင်းရည် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (ပါးပါးလှီးထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကင်ချီ ပန်းကန်လုံး ၂ လုံးစာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ) နှင့် ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ပန်းကန်လုံး ၃ လုံးစာ
  • တို့ဖူး တစ်တုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အပူပေးပြီး နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပါ။ ထို့နောက် အမဲသားထည့်ကာ မိနစ်အနည်းငယ်ခန့် လုံးပေးလိုက်ပါ။

၂။ ထို့နောက် အိုးထဲသို့ ကင်ချီထည့်ကာ ၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ ကျန်ရှိနေသော ဆီများထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်နှစ်၊ ငရုတ်သီးမှုန့်နှင့် ပဲငံပြာရည်တို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ရေထည့်ကာ မီးအပူချိန် လျော့ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

၄။ မိနစ် ၂၀၊ ၃၀ ခန့် တည်ထားပြီးတဲ့နောက်မှာတော့ တို့ဖူးထည့်ကာ ၁၀ မိနစ်ခန့် ထပ်တည်ထားလိုကပါ။

၅။ အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်များ ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား ကင်ချီဟင်းရည်စပ်စပ်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com