အားလုံးပဲ မင်္ဂလာပါ။ အမဲသားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ အာလူးတို့နဲ့ ရောချက်ထားတဲ့ သီးစုံအမဲသားဟင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • အမဲသား ၄ ပေါင်
  • ရေအေး ၈ ခွက်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)

  • မုန်လာဥနီ ၅ လုံး (အခွံခွာပြီး အဝိုင်းလိုက် ပါးပါးလှီးထားပါ)
  • ပဲသီး ၁ စည်း (အနေတော်လှီးထားပါ)
  • နံနံပင် ၂ ပင် (ပါးပါးလှီးထားပါ)
  • ခရမ်းချဉ်သီးအနှစ် ပန်းကန်လုံး၁ လုံးစာ
  • အာလူး ၁ ပေါင်ခန့် (အနေတော်အတုံး တုံးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

ထို့နောက် အမဲသားထည့်ကာ အမဲသားများ အညိုရောင် ပြောင်းသွားသည်အထိ ဆီပူဖြင့် ကြော်ပါ။

၂။ ထို့နောက် အမဲသားများ မြှုပ်သွားသည်အထိ ရေထည့်ကာ မီးပြင်းပြင်းဖြင့် ပွက်ပွက်ဆူလာအောင် တည်ရပါမယ်။

၃။ ဟင်းရည် ပွက်ပွက်ဆူလာတဲ့အခါမှာတော့ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်နီတိုပထည့်ကာ အဖုံးအုပ်ပြီး ၂ နာရီခန့် တည်ပါ။

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မုန်လာဥနီ၊ ပဲသီး၊ အာလူး၊ နံနံပင်၊ ခရမ်းချဉ်သီးတို့ထည့်ကာ သမအောင် မွှေပါ။ ပြီးရင်တော့ အဖုံးအုပ်ထားပြီး နောက်ထပ် ၁ နာရီခန့် တည်ပါ။

၅။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အမဲသားတုံးကို အိုးထဲမှ ဆယ်ယူပြီး အတုံးသေးသေးလေး တုံးပါ။ ထို့နောက် အိုးထဲ ပြန်ထည့်ပါ။

၆။ အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ နံနံပင်အနည်းငယ် ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သီးစုံ အမဲသားဟင်း ပူပူစပ်စပ်လေး ရရှိသွားပါပြီ။ ထမင်းပူပူလေးနဲ့ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Thespruceeats.com