အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ငရုတ်ပွ၊ မှို စတဲ့ဟင်းသီးဟင်းရွက်များနဲ့ ရောကြော်ထားတဲ့ မှို အမဲသားရောကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ငရုတ်ပွအနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • မှို ၁ ပေါင်ခွဲ (ပါးပါးလှီးထားပါ)

  • အချောင်းလိုက် ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နှမ်းစေ့ စားပွဲတင်ဇွန်း တစ်ဝက်
  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ငရုတ်သီးဆော့စ်၊ ပျားရည်၊ ပဲငံပြာရည်နှင့် မန်ကျည်းနှစ်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက အမဲသားထည့်ကာ ၃ မိနစ်ခန့် မွှေကြော်လိုက်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ ထည့်ကာ နောက်ထပ် ၃ မိနစ်ခန့် သမအောင် ကြော်ပါ။

၃။ ထို့နောက် စောစောကဖျော်ထားသော ဆော့စ်များကို စားပွဲတင်ဇွန်း ၅ ဇွန်းစာခန့် ဆမ်းထည့်ကာ နောက်ထပ် ၁ မိနစ်ခန့် ကြော်ပါ။

ရရှိလာတဲ့ အမဲသားကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၄။ ဒယ်အိုးကို သန့်စင်ပြီးတဲ့နောက်မှာ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ကာ အပူပေးပါ။ ဆီပူလာပါက မှိုထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၅ မိနစ်ခန့် ကြော်ပါ။ မှိုများ ရွှေရောင်ပြောင်းသွားပါက အမဲသားပန်းကန်ထဲ ပေါင်းထည့်ထားပါ။

၅။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပါ။ ကြက်သွန်နီနှင့် ငရုတ်ပွတို့ထည့်ကာ ၈ မိနစ်ခန့် ကြော်ပါ။

၆။ ထို့နောက် စောစောက အမဲသား မှိုကြော်တို့ကို ဒယ်အိုးထဲသို့ ပြန်ထည့်ပါ။ ဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ထပ်ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ မှို အမဲသားရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Natashaskitchen.com