မိသားစုနဲ့ လက်ဆုံ ဝိုင်းဖွဲ့စားသောက်မယ့် ညစာအတွက် မှို အမဲသား အစပ်ကြော်လေး ကြော်စားကြရအောင်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (ပါးပါးလှီးထားပြီး ဆား၊ ငရုတ်ကောင်းတို့ဖြင့် နယ်ထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ငရုတ်ပွ အနီ ၁ တောင့် (ပါးပါးလှီးထားပါ)
  • မှို ဝ.၅ ပေါင် (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စင်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူ ၁ မြွှာ (ပြားအောင် ဖိထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးထားပြီး ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ကာ အပူပေးထားပါ။ ဆီပူလာပါက အမဲသားထည့်ပြီး ၄ မိနစ်ခန့် ကြော်ပေးပါ။ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ ထပ်ထည့်ပြီး ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၂။ အမဲသားများ ကျက်ပြီဆိုပါက ပန်းကန်ထဲပြောင်းထည့်ပြီး အိုးကို သန့်စင်အောင် ဆေးကြောလိုက်ပါ။

၃။ ထိုအိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်လိုက်ပါ။ ဆီပူလာပါက မှိုထည့်ပြီး ဆား၊ ငရုတ်ကောင်းတို့ထည့်ကား ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ မှိုကို အမဲသားပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၅။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပြီး ကြက်သွန်နီနှင့် ငရုတ်ပွများထည့်ပြီး ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၆။ ထို့နောက် စောစောက ကြော်ထားသော အမဲသားနှင့် မှိုများကို ဒယ်အိုးထဲသို့ ပေါင်းထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

ရရှိလာတဲ့ အမဲသားကြော်ကို ပန်းကန်ထဲ ပြောင်းထည့်ပြီးတဲ့အခါမှာတော့ ထမင်းနဲ့ ပူပူလေး တွဲဖက်စားသုံးနိုင်ပါပြီ။

Source: natashaskitchen.com