အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အမဲသားနဲ့ အသီးအရွက်တွေရောကြော်ပြီး စားရအောင်ပါ။

ပါဝင်ပစ္စည်း

  • အမဲသား ၁၅ ကျပ်သား (ပါးပါးလှီးပါ)
  • ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပွဆေး အနည်းငယ်
  • ကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ အနည်းငယ်
  • မုန်ညှင်းစိမ်း
  • မှို
  • ပဲသီး
  • ရေနွေး ခွက်တစ်ဝက်
  • နှမ်းဆီအနည်းငယ်
  • ပဲငံပြာရည် အနည်းငယ်
  • ပဲငံပြာရည်အနောက် အနည်းငယ်
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား အနည်းငယ်
  • ဂျင်းတောက်တောက်စဉ်းအနည်းငယ်
  • ကြက်သွန်ဖြူ ၂ မွှာ တောက်တောက်စဉ်း
  • ဝိုင်အနည်းငယ်
  • ဆားအနည်းငယ်
  • ကော်မှုန့် ဖက်ရည်ဇွန်း ၂ ဇွန်း နဲ့ ရေ စားပွဲတင်ဇွန်း ၁ ဇွန်း အရော

ပြုလုပ်နည်း

အရင်ဆုံး အမဲသားကို ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပွဆေး အနည်းငယ်၊ ကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆီ အနည်းငယ်တို့နဲ့ နယ်ပေးလိုက်ပြီး မိနစ် ၃၀ ခန့်ထားပါ။

အဲဒီနောက် ခွက်တစ်လုံးထဲမှာ ရေ၊ နှမ်းဆီအနည်းငယ်၊ ပဲငံပြာရည်၊ ခရုဆီ၊ သကြားတို့ရောလိုက်ပြီး ခဏထားထားပါ။

အိုးကိုအပူပေးလိုက်ပါ။ ဆီထည့်လိုက်ပြီး အမဲသားထည့်ကြော်ပါ။

အမဲသားရပြီဆိုရင်တော့ ခဏဆယ်ထားလိုက်ပါ။

အိုးကိုအပူထပ်ပေးပြီး ဂျင်း၊ ဆီတို့ကို ထည့်လိုက်ပါ။ ကြက်သွန်ဖြူထည့်ပါ။ ဆီသတ်ပေးပြီး မှိုထည့်လိုက်ပါ။

ဝိုင်ထည့်ပါ။ အဲဒီနောက် ပဲသီး၊ မုန်ညှင်းစိမ်း၊ ဆား ထည့်လိုက်ပြီး မွှေပေးလိုက်ပါ။

အမဲသား ထည့်လိုက်ပါ။ အဲဒီနောက် စောစောက ပြင်ထားတဲ့ဆောလ့်တွေကို ထည့်လိုက်ပါ။

ဆူလာရင်တော့ သေချာလေးမွှေပေးပါ။ ကော်ရည်ဖျော်ထားတာကိုထည့်လိုက်ပါ။ ကော်ရည်ပျစ်ပျစ်လေးဖြစ်လာရင် မြည်းကြည့်ပါ။ အငံလိုရင် ဆားထည့်ပါ။ မိမိလိုအပ်တဲ့ အနေအထားရပြီဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar