အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ မုန်ညင်းရွက်ပေါ်မှာ အမဲသားဆော့စ် ဆမ်းထားတဲ့ ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁၅၀ ဂရမ်
  • မုန်ညှင်း ၁ စည်း (အနေတော် လှီးဖြတ်ထားပါ)
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်

  • သကြားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်းတစ်ဝက်
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

  • ဟင်းချက်ဆီ
  • ကြက်သွန်ဖြူ ၂ မြွှာ
  • ဘာဘီကျူးဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို ပါးပါးလှီးပါ။ ထို့နောက် ဆား၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ ဟင်းချက်ဝိုင်၊ ရေ၊ ပြောင်းမှုန့်နှင့် နှမ်းဆီတို့ဖြင့် သမအောင် ရောနယ်ကာ ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ဟင်းရွက် ပြုတ်ဖို့ရန်အတွက် အိုးတစ်လုံးထဲသို့ ရေထည့်ပြီး ဆားအနည်းငယ်၊ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ဟင်းရွက်များထည့်ကာ ၁၀ စက္ကန့်၊ ၁၅ စက္ကန့်ခန့် ပြုတ်ပါ။ ထို့နောက် ပန်းကန်ပြား တစ်ခုထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဟင်းချက်ဆီ ထည့်ပါ။ ဆီပူလာပါက အမဲသားပြားများထည့်ပြီး အညိုရောင် ပြောင်းသွားသည်အထိ တည်ထားလိုက်ပါ။ အမဲသားများ ကျက်သွားပါက  ပန်းကန်ပြားထဲသို့ ချက်ချင်းဆယ်ထည့်လိုက်ပါ။

၄။ ဒယ်အိုးထဲသို့ ကြက်သွန်ဖြူနှင့် ဘာဘီကျူးဆော့စ် ထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။ ထို့နောက် စောစောက အမဲသားများ ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ အမဲသားများကို ဟင်းရွက်ပေါ်သို့ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ မုန်ညင်းရွက် အမဲသားဟင်းလေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com