စွပ်ပြုတ် ကြိုက်နှစ်သက်သူများအတွက် သကြားမုန်လာ ဝက်သားလုံးစွပ်ပြုတ် ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

သကြားမုန်လာကို ဒီအတိုင်း အလုံးလိုက်ထည့်တာမဟုတ်ဘဲ ဂျုံမှုန့်နဲ့သေချာ ရောကြိတ်ထားပြီး အမဲသားပြားနဲ့ ပုံသဏ္ဍာန်ဆင်တူအောင် ပြုလုပ်ထားတဲ့အတွက်ကြောင့် အမြင်ဆန်းပြီး အရသာတမူထူးခြားကောင်းမွန်နေပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • သကြားမုန်လာ ၁ လုံး
  • ဘက်စုံသုံး ဂျုံမှုန့် ၅၀၀ ဂရမ်
  • ကြက်ဥ ၁ လုံး
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ရေ ၁၀၀ မီလီလီတာ
  • ဝက်ပြုတ်ရည် ၂ လီတာခွဲ
  • ဝက်သားလုံး အနည်းငယ်
  • ကြက်ဥ ၄ လုံး
  • ရှီတာကီမှို ၆ ပွင့်

  • ကြက်သွန်ကြော် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငါးနီတူးကြော် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးတောင့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အစားအစာကြိတ်စက်ထဲတွင် သကြားမုန်လာထည့်ကာ အနှစ်များ ရလာသည်အထိ ကြိတ်လိုက်ပါ။ ဂျုံမှုန့်၊ ကြက်ဥ ၁ လုံး၊ ဆီနှင့် ဆားတို့ထည့်ကာ သမအောင် ထပ်ကြိတ်လိုက်ပါ။

ရရှိလာတဲ့ သကြားမုန်လာဂျုံမှုန့်ကို ပန်းကန်လုံးအကြီးထဲထည့်ကာ ရေဆွတ်ထားသောအဝတ်စဖြင့် တစ်နာရီခန့် အုပ်ထားလိုက်ပါ။ တစ်နာရီပြည့်ပါက ဂျုံမှုန့်ကို သေးသေးလေးစီ ဖဲ့ထားလိုက်ပါ။

၂။ အိုးအသေးတစ်လုံးတွင် ဝက်သားပြုတ်ရည်ကို ဆူပွက်လာအောင် ပြုတ်ပါ။ ထို့နောက် သကြားမုန်လာ ဂျုံမှုန့်လေးများ ထည့်ပါ။ မှို၊ ဝက်သားလုံးများ ထည့်ပြုတ်ပါ။ ထို့နောက် ကြက်ဥ ၄ လုံးစီ ဖောက်ထည့်ကာ တစ်မိနစ်ခန့် ဆက်တည်ပါ။

၃။ အားလုံးတည်ပြီးသွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

စားခါနီးကျမှ ပန်းကန်လုံးထဲပြောင်းထည့်ကာ ကြက်သွန်ကြော်၊ ငါးနီတူးကြော်၊ ငရုတ်သီးကွင်းတို့ဖြင့် အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။ ဟင်းရွက် ထည့်စားချင်သူများအနေနဲ့ မုန်ညှင်းရွက် (သို့) ကန်စွန်းရွက်လေးများ ထည့်စားနိုင်ပါသေးတယ်။

Source: Asianfoodnetwork.com