အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ချိုချဉ်ဆော့စ်ဖြင့် ရောစပ်ကာ ကြော်ထားသော မှိုအကြွပ်ကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရှီတာကီမှိုအခြောက် ၂ အောင်စ
  • ငရုတ်ပွအနီ (သို့) မိမိကြိုက်နှစ်သက်ရာအရော် ၄ စိပ် ၁ စိပ်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြော်ရန် ဆီ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မှိုခြောက်များကို ရေထဲတွင် ၂ နာရီခန့် ကြိုတင်စိမ်ထားပေးရပါမယ်။

၂။ သတ်မှတ်ချိန်ပြည့်အောင် စိမ်ပြီးသွားတဲ့အခါမှာတော့ မှိုများကို အရည်ကုန်စင်အောင် ညှစ်ပေးကာ လေးစိပ် လှီးဖြတ်ထားပါ။ ငရုတ်ပွများကိုလည်း အတုံးသေးသေး တုံးထားပါ။

၃။ ရရှိလာတဲ့မှိုများကို ပန်းကန်လုံးထဲထည့်ပြီးနောက် ပြောင်းမှုန့်ဖြင့် သမအောင် နယ်ထားပါ။

၄။ ချိုချဉ်ဆော့စ် ပြုလုပ်ရန်အတွက် အိုးအသေးတစ်လုံးကို အပူပေးပြီးနောက် ပဲငံပြာရည်၊ ငရုတ်သီးအနှစ်၊ ရှာလကာရည်၊ ပျားရည်နှင့် ဆန်ဝိုင်တို့ထည့်ကာ သမအောင် မွှေပြီးနောက် ၄ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၅။ အခြားအိုးတစ်လုံးထဲသို့ ဆီထည့်ပါ။ ဆီပူလာပါက မှိုများထည့်ကာ ၂ မိနစ်ခန့် ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၆။ အားလုံးကြော်ပြီးသွားရင်တော့ ပန်းကန်ပြားထဲဆယ်ထည့်ထားပါ။ ကြွပ်နေဖို့ရန်အတွက် မှိုကြော်အားလုံးကို ဆီပူထဲတွင် တစ်မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၇။ ချိုချဉ်ဆော့စ်အိုးကို အပူပြန်ပေးပြီးနောက် ထိုအိုးထဲသို့ မှိုကြော်နှင့် ငရုတ်ပွတို့ထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် သမအောင် မွှေကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချိုချဉ်ဆော့စ်ဖြင့် ကြော်ထားသော မှို အကြွပ်ကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Koreanbapsang.com