ဆီးချိုသမားတွေအတွက် ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး အစားအစာကတော့ အစိမ်းရောင်ရှိတဲ့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်များဖြစ်တဲ့ ပန်းသီး၊ သခွားသီး၊ ကြက်ဟင်းခါးသီး စတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ထိုအစားအစာများကို နေ့စဉ်မှန်မှန်စားသုံးပေးပါက ဆီးချိုရောဂါလက္ခာများကို သက်သာပျောက်ကင်းစေပါတယ်။

ဒါ့ကြောင့် ကြက်ဟင်းခါးသီးကို အရသာရှိရှိ ကြော်စားနိုင်ဖို့အတွက် မြေပဲ ကြက်ဟင်းခါးသီးရောကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဟင်းခါးသီး ၅ လုံး (စင်ကြယ်အောင် ရေဆေးပြီးနောက် အကွင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • မြေပဲ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

၂။ ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ ထို့နောက် သကြားထည့်ကာ သမအောင် ရောမွှေပါ။

၃။ ကြက်သွန်နီများ အညိုရောင် ပြောင်းသွားသည်အထိ မွှေပြီးတဲ့နောက်မှာတော့ ကြက်ဟင်းခါးသီးနှင့် ဆား အနည်းငယ်ထည့်ပါ။

၄။ ထို့နောက် ငရုတ်သီးမှုန့်၊ နနွင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၅။ မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချပြီးနောက် အိုးအဖုံးအုပ်ထားလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၆။ ကြက်ဟင်းခါးသီးက နူးပြီး ပျော့သွားတဲ့အခါမှာတော့ မြေပဲများ ထည့်လိုက်ပါ။

ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မြေပဲ ကြက်ဟင်းခါးသီးရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Holycowvegan.net