တမာရွက်ကဆေးဖက်ဝင်တာ မြန်မာလူမျိုးနီးပါး သိထားပြီးသားပါ။ ခါးတဲ့အရသာရှိပေမယ့်လည်း ဆေးဖက်ဝင်လို့ လူအများစုက စားသုံးကြပါတယ်။ ဒါကြောင့် ဒီတခါမှာ တမာရွက်ကို ချဉ်ချဉ်စပ်စပ်လေးနဲ့ သုပ်စားကြည့်ရအောင်။
ပါဝင်ပစ္စည်းများ
- တမာရွက် – ၂ စီး (ခြွေထားပါ)
- ခရမ်းချဉ်သီး – ၁ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်နီ – ၁ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ – ၂ မွှာ (ပါးပါးလှီးထားပါ)
- ပုစွန်ခြောက်မှုန့် – အနည်းငယ်
- မြေပဲ – အနည်းငယ် (လှော်ထောင်း)
- နှမ်းလှော်
- ငရုတ်သီးစိမ်း – ၅ တောင့် (ပါးပါးလှီးထားပါ)
- ဆား – အနည်းငယ်
- ဟင်းခတ်မှုုန့် – အနည်းငယ်
- သံပုရာသီး – တခြမ်း
- နံနံပင် – အနည်းငယ်
ပြုလုပ်နည်း
- တမာချဉ်ကို ရေနဲ့ အထပ်ထပ် ဆေးပါ ။ ကျမကတော့ ဗိုက်နာမှာ စိုးရျ် နောက်ဆုံးတကြိမ်တွင် ရေနွေးနှင့် ဆေးပါတယ် ။
- ဆေးပြီး တမာချဉ်၏ အရွက်ညွှန့်၊ အဖူးတို့ကို ခြွေပြီး သေးသေး လှီးထားပါ ။
- ပါးပါးလှီးထားသော ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း နှင့် ပုစွန်ခြောက်မှုန့် ၊ နှမ်းလှော် ၊ မြေပဲ ၊ ဆား ၊ နံနံပင်တို့ကို ဇလုံ တစ်ခုအတွင်း ရောထည့်ရျ် နှံစပ်အောင်နယ်ရျ် သုတ်ပါ ။
- အပေါ့အငံမြည်းရျ် ဟင်းခတ်မှုုန့်၊ သံပုရာရည် ညှစ်ပြီး အရသာ ချိုချဉ်ဆိမ့်စပ်ရှိတဲ့ တမာရွက်သုပ်ကို သုံးဆောင်နိုင်ပါပြီ။
MyFood Myanmar