တမာရွက်ကဆေးဖက်ဝင်တာ မြန်မာလူမျိုးနီးပါး သိထားပြီးသားပါ။ ခါးတဲ့အရသာရှိပေမယ့်လည်း ဆေးဖက်ဝင်လို့ လူအများစုက စားသုံးကြပါတယ်။ ဒါကြောင့် ဒီတခါမှာ တမာရွက်ကို ချဉ်ချဉ်စပ်စပ်လေးနဲ့ သုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • တမာရွက် – ၂ စီး (ခြွေထားပါ)
  • ခရမ်းချဉ်သီး – ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ – ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ – ၂ မွှာ (ပါးပါးလှီးထားပါ)
  • ပုစွန်ခြောက်မှုန့် – အနည်းငယ်
  • မြေပဲ – အနည်းငယ် (လှော်ထောင်း)
  • နှမ်းလှော်
  • ငရုတ်သီးစိမ်း – ၅ တောင့် (ပါးပါးလှီးထားပါ)
  • ဆား – အနည်းငယ်
  • ဟင်းခတ်မှုုန့် – အနည်းငယ်
  • သံပုရာသီး – တခြမ်း
  • နံနံပင် – အနည်းငယ်

ပြုလုပ်နည်း

  1. တမာချဉ်ကို ရေနဲ့ အထပ်ထပ် ဆေးပါ ။ ကျမကတော့ ဗိုက်နာမှာ စိုးရျ် နောက်ဆုံးတကြိမ်တွင် ရေနွေးနှင့် ဆေးပါတယ် ။
  2. ဆေးပြီး တမာချဉ်၏ အရွက်ညွှန့်၊ အဖူးတို့ကို ခြွေပြီး သေးသေး လှီးထားပါ ။
  3. ပါးပါးလှီးထားသော ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း နှင့် ပုစွန်ခြောက်မှုန့် ၊ နှမ်းလှော် ၊ မြေပဲ ၊ ဆား ၊ နံနံပင်တို့ကို ဇလုံ တစ်ခုအတွင်း ရောထည့်ရျ် နှံစပ်အောင်နယ်ရျ် သုတ်ပါ ။
  4. အပေါ့အငံမြည်းရျ် ဟင်းခတ်မှုုန့်၊ သံပုရာရည် ညှစ်ပြီး အရသာ ချိုချဉ်ဆိမ့်စပ်ရှိတဲ့ တမာရွက်သုပ်ကို သုံးဆောင်နိုင်ပါပြီ။

MyFood Myanmar