ကြက်ဟင်းခါးသီးဟင်းလျာကို ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပုစွန်ခြောက် ကြက်ဟင်းခါးသီးရောကြော်လေးကို အရသာရှိအောင် ဘယ်လိုကြော်စားရမလဲဆိုတဲ့ ဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
• သကြား စားပွဲတင်ဇွန်း တစ်ဝက်
• ဆားနှင့် ဆန်ဝိုင် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
• ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
• ပုစွန်ခြောက် စားပွဲတင်ဇွန်း ၂ ဇွန်း

• ကြက်ဟင်းခါးသီး ၂ လုံး
• ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)
• ရေ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဟင်းခါးသီးကို ထက်ခြမ်းခြမ်းပြီးနောက် အထဲကအစေ့များကို ဇွန်းဖြင့် ခပ်ထုတ်လိုက်ပါ။ ထို့နောက် ကြက်ဟင်းခါးသီးများကို ပါးပါးလှီးထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီကျက်သွားပါက ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်လိုက်ပါ။

၃။ ပုစွန်ခြောက်များထည့်ပြီး ၁၀ စက္ကန့်ခန့် ကြော်ပေးလိုက်ပါ။ ကြက်ဟင်းခါးသီးများထည့်ပြီးနောက် ရေ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ၂ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ပဲငံပြာရည်၊ သကြား၊ ဆားနှင့် ဆန်ဝိုင်တို့ ထည့်ကာ ၁ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပုစွန်ခြောက် ကြက်ဟင်းခါးမွှေကြော် ဟင်းပွဲတစ်ပွဲ ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ ပူပူနွေးနွေး အရသာရှိရှိဖြင့် အားရပါးရသုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com