အားလုံးပဲ မင်္ဂလာပါ။ အသားဟင်းတွေ ရှောင်တဲ့နေ့မျိုး၊ သပ်သတ်လွတ်စားတဲ့နေ့မျိုး ဒါမှမဟုတ် ရာသက်ပန် သပ်သတ်လွတ်စားသုံးသူများအတွက် ဒီတစ်ခါမှာတော့ မုန်ညှင်းရွက် မှိုရောကြော် ဟင်းလျာလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်ညှင်းရွက်အသေးစား ၂၅၀ ဂရမ် (ရေဆေးပြီး အနေတော် လှီးဖြတ်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • မှို ၄ ပွင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန်ညှင်းရွက်ရဲ့ညှိုးနွမ်းနေသော အစိတ်အပိုင်းများကို ဖယ်ရှားပြီးနောက် ရေဆေးကာ အနေတော် လှီးဖြတ်ထားလိုက်ပါ။

၂။ မှိုကိုလည်း ရေဆေးပြီးနောက် အမြစ်ကို လှီးထုတ်ကာ ပါးပါးလှီးထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် မှိုထည့်ကာ ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ကြက်သွန်ဖြူကလည်း အနံ့လေး မွှေးပျံ့လာပြီး မှိုကလည်း နူးအိသွားပြီဆိုရင်တော့ မုန်ညှင်းရွက်များ ထည့်ကြော်လိုက်ပါ။ ကျန်ရှိနေတဲ့ ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းကို ဒယ်အိုးထဲထည့်ပြီးနောက် နောက်ထပ် တစ်မိနစ်ခန့် သမအောင် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ မုန်ညှင်းရွက် မှိုရောကြော်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com