အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဟင်းရွက်ကြော် ကြိုက်နှစ်သက်သူများအတွက် လျှာလည်သွားစေမယ့် မုန်ညှင်း မှိုရောကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ရှီတာကီမှို ပန်းကန်လုံး ၁ လုံးစာ (ပါးပါးလှိးထားပါ)
  • ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန်ညှင်းထုပ် ၁ ထုပ် (ပါးပါးလှီးထားပါ)

  • ကြက်သွန်မြိတ် ၆ ပင် (ပါးပါးလှီးထားပါ)
  • ဟင်းရွက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် မှိုတို့ထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ပဲငံပြာရည်၊ မုန်ညှင်းထုပ်နှင့် ကြက်သွန်မြိတ်တို့ထည့်ကာ မိနစ်အနည်းငယ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ မီးအပူချိန်ကို လျော့လိုက်ပါ။ ဟင်းရွက်ပြုတ်ရည်နှင့် ဂျင်းတို့ထည့်ကာ ၃ မိနစ်၊ ၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၄။ မီးဖိုပေါ်က ချခါနီးကျမှ နှမ်းဆီနှင့် နှမ်းစေ့တို့ထည့်လိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ မုန်ညှင်းနှင့် မှိုရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

စာဖတ်သူတို့အနေနဲ့ ပဲပြား၊ ကြက်သား စတဲ့ အခြားပါဝင်ပစ္စည်းများ ထပ်ထည့်ချင်လည်း ရပါသေးတယ်။

Source: Thespruceeats.com