အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ပဲပြားကြော်ကို တစ်ခါမှ မကြော်ဖူးတဲ့ စတိုင်လ်နဲ့ ကြော်စားလို့ရမယ့် ဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ရယ်ဒီဖြစ်ပြီဆိုရင်တော့ ပဲပြားကို ရွှေဖရုံသီးအနှစ်နဲ့ ရောကြော်ပြီး ဆန်းသစ်တဲ့အရသာလေးကို မြည်းစမ်းကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၂ တုံး (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ကြက်သား ၁၀၀ ဂရမ် (ကုဗတုံးပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
  • ငရုတ်သီးတောင့် အနီ ၁ တောင့် (ပါးပါးလှီးထားပါ)
  • ရေ ၂၅၀ မီလီလီတာ
  • ဆား အနည်းငယ်

  • ရွှေဖရုံသီး ၁၅၀ ဂရမ်
  • ကြက်ဥ အကာ ၁ လုံး
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရွှေဖရုံသီးကို အခွံခွာပြီးနောက် အတုံးခပ်သေးသေးတုံးထားပါ။ ရွှေဖရုံသီး ၅၀ ဂရမ်ကို သပ်သပ်ဖယ်ထားပြီးနောက် ၁၀၀ ဂရမ်ကို ပေါင်းပြီး (သို့) ပြုတ်ပြီး အနှစ်များရအောင် ချေထားလိုက်ပါ။

၂။ ကြက်သားကို ဆား၊ ကြက်ဥအကာတို့ဖြင့် သမအောင် နယ်ပြီးနောက် ပြောင်းမှုန့်ထည့်ကာ မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၃။ မိနစ် ၃၀ ပြည့်ပါက ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားများ ထည့်ကြော်ပေးလိုက်ပါ။ ကြက်သားများ အညိုဖျော့ရောင်ပြောင်းသွားပါက ပန်းကန်လုံးထဲသို့ ဆယ်ထည့်ထားပါ။

၄။ ထိုဒယ်အိုးထဲသို့ပင် ရွှေဖရုံသီးအတုံးလေးများကို ၂ မိနစ်ခန့် ထည့်ကြော်ပြီး ပန်းကန်ထဲပြောင်းထည့်ထားပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက ပဲပြားများ ထည့်ကြော်လိုက်ပါ။ ပဲပြားများ ရွှေညိုရောင်ပြောင်းသွားပါက ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၆။ အခြားဒယ်အိုးအသန့်တစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ဆီပူလာပါက ရွှေဖရုံသီးအနှစ်များ ထည့်မွှေပေးလိုက်ပါ။

ရေထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ထားပါ။ ထို့နောက် ကြက်သားကြော်နှင့် ရွှေဖရုံသီးကြော်များ လောင်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ပဲပြားကြော်များထည့်ပြီး သမအောင် မွှေကြော်ပေးလိုက်ပါ။

၇။ ထို့နောက် သကြားနှင့် ဆားတို့ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ရွှေဖရုံသီးအနှစ် ပဲပြားကြော်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Huangkitchen.com