အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်နံရိုးနဲ့ မုန်လာဥဖြူတို့ ရောချက်ထားတဲ့ ဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၁ ကီလိုဂရမ် (အတုံးသေး တုံးထားပါ)
  • မုန်လာဥဖြူ ၂ လုံး (အနေတော်အတုံး တုံးထားပါ)
  • ဂျင်း အတုံးသေး ၁ တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)

အမြင်အာရုံကို အားကောင်းစေတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ မုန်လာဥဖြူ

  • ငရုတ်သီးခြောက် ၂ တောင့်
  • နာနတ်ပွင့် ၃ ပွင့်
  • သကြားညို အနည်းငယ်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဆား အနည်းငယ်
  • ရေ စားပွဲတင်ဇွန်း ၄၈ ဇွန်းနှင့် ဆီအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးကို ဆားဖြင့် နယ်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပါ။ ထို့နောက် ဝက်နံရိုးများထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ ကြော်လိုက်ပါ။ ပြီးရင်တော့ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၂။ ထိုအိုးထဲသို့ပင် ဆီ စားပွဲတင်ဇွန်းတစ်ဝက် ထပ်ထည့်ပါ။ ဆီပူလာပါက ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်နှင့် ကြက်သွန်နီတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

ထို့နောက် ဝက်နံရိုးများကို အိုးထဲ ပြန်ထည့်ပါ။ သကြားညို၊ ပဲငံပြာရည် အကြည်နှင့် အနောက်၊ ဟင်းချက်ဝိုင်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပါ။ ထို့နောက် ဝက်နံရိုးများ မြှုပ်သွားသည်အထိ ရေ ထည့်ကာ ၂ နာရီခန့် တည်ပါ။

၃။ ဝက်နံရိုးများ နူးအိသွားပြီဆိုရင်တော့ ပါးပါးလှီးထားသော မုန်လာဥဖြူများထည့်ကာ သမအောင် မွှေပါ။ မုန်လာဥဖြူများ နူးအိသွားသည်အထိ မွှေပေးလိုက်ပါ။

၄။ ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်လာဥဖြူ ဝက်နံရိုးဟင်းတစ်ခွက် ရရှိသွားပါပြီ။

Source: Mintyskitchen.blogspot.com