အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်းကို ဒီတစ်ခါမှာတော့ မှိုနဲ့ အရသာရှိအောင် ဘယ်လိုတွဲချက်ရမလဲဆိုတဲ့ ဟင်းချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၇၅၀ ဂရမ် (၂ လက်မအရွယ် အတုံးတုံးထားလိုက်ပါ)
  • ဂျင်း ၆၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

Source: Errenskitchen.com

  • တရုတ်မှို အခြောက် ၃၀ ဂရမ် (ရေ ၅၀၀ မီလီလီတာဖြင့် စိမ်ထားလိုက်ပါ)
  • ပဲငံပြာရည်အကြည်နှင့် အနောက် စားပွဲတင်ဇွန်း ၂ ဇွန်းစီ
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းစီထည့်ကာ အပူပေးလိုက်ပါ။ ဆီပူလာပါက ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်လိုက်ပါ။

၂။ ထို့နောက် ကြက်သားထည့်ပြီး ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ အိုးထဲသို့ မှို၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်နှင့် အနောက်၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ စောစောက မှိုစိမ်ထားသော ရေ ၅၀၀ မီလီလီတာကို အိုးထဲထည့်ပြီး အိုးအဖုံးဖုံးထားကာ ၄၅ မိနစ်ခန့် တည်ထားလိုက်ပါ။ (အဖုံးဖွင့်ပြီး မကြာခဏမွှေပေးဖို့လည်း လိုပါလိမ့်မယ်)

ရေခမ်းသွားပြီဆိုရင်တော့ အရသာရှိတဲ့ မှို ကြက်သားဟင်း ရရှိသွားပါပြီ။ ထမင်းနဲ့ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Asianfoodchannel.com