ကြာဇံပြုတ်လည်း သောက်ချင်တယ် အာဟာရပြည့်ပြီး အားရှိဖို့အတွက် ကြက်သားစွပ်ပြုတ်လည်း သောက်ချင်တယ်ဆိုတဲ့ အစားအသောက် ချစ်သူတို့အတွက် 2 in 1 ပဲကြာဇံ ကြက်သားစွပ်ပြုတ် ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၃ ပေါင် (အနေတော်အတုံး တုံးထားပါ)
  • ပဲကြာဇံ ၁၀၀ ဂရမ် (ရေအေးထဲတွင် စိမ်ထားပါ)
  • ပဲငံပြာရည်နှင့် ခရုဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အာလူး ၃ လုံး (အခွံခွာပြီး အနေတော် အတုံး တုံးထားပါ)

  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • မှို အနည်းငယ် (အနေတော်အရွယ်အစား လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၇ ပင် (၂ လက်မအရှည် လှီးဖြတ်ထားပါ)
  • ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ငရုတ်သီးစိမ်း အနီ ၁ တောင့်နှင့် အစိမ်း ၂ တောင့် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးခြောက် ၃ တောင့် (လက်မဝက်အရှည် လှီးဖြတ်ထားပါ)
  • သခွားသီး ၁ လုံး (ပးါပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ခရုဆီနှင့် သကြားညိုတို့ကို သမအောင် ရောမွှေထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ငရုတ်သီးခြောက်များထည့်ပြီး ၁၅ စက္ကန့်ခန့် လှော်ပေးလိုက်ပါ။

၃။ ထို့နောက် ငရုတ်သီးဖတ်များကို ဆယ်ယူပြီးနောက် ကြက်သားထည့်ကာ ၅ မိနစ်မှ ၈ မိနစ်ခန့် မွှေပေးလိုက်ပါ။ ပြီးရင်တော့ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၁ မိနစ်ခန့် မွှေပါ။

၄။ အာလူးတုံးများထည့်ပြီး ခရုဆီအရောအနှောထည့်ပါ။ ရေ ၃ ခွက်ထည့်ကာ အဖုံးအုပ်ပြီး ၁၀ မိနစ်ခန့် တည်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက မုန်လာဥနီနှင့် ကြက်သွန်နီထည့်ကာ အဖုံးဖွင့်လျက်သားဖြင့် ၁၀ မိနစ်ခန့် တည်ပါ။

၆။ ထို့နောက် ပဲကြာဇံ၊ ငရုတ်သီး အနီနှင့် အစိမ်း၊ မှို၊ သခွားသီးတို့ထည့်ကာ ၇ မိနစ်မှ ၁၀ မိနစ်ခန့် မီးပြင်းပြင်းဖြင့် တည်ထားပါ။ မကြာခဏမွှေပေးပါ။

၇။ ထို့နောက် မီးပိတ်ပြီး ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် မွှေပါ။

စားခါနီးကျမှ ကြက်သွန်မြိတ်နှင့် နှမ်းစေ့များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲကြာဇံ ကြက်သားစွပ်ပြုတ်တစ်ပွဲ ရရှိသွားပါပြီ။

Source: Maangchi.com