အားလုံးပဲ မင်္ဂလာပါ။ အာဟာရပြည့်ဝပြီး အရသာရှိတဲ့ဟင်းလျာများ စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ ဝက်နံရိုးအာလူးဟင်း ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၈၀၀ ဂရမ်
  • ဂျင်းပြား ၁၂ ပြား
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

  • အာလူး ၃ လုံး (အခွံခွာပြီး အနေတော်အတုံး တုံးထားပါ)
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နာနတ်ပွင့် ၂ ပွင့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် ဝက်နံရိုးများထည့်ပြီး ဝက်နံရိုးများ မြှုပ်သွားသည်အထိ ရေထည့်ထားလိုက်ပါ။ ကြက်သွန်မြိတ်ထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ဝက်နံရိုးများကို ရေဖြင့် ပြန်လည်ဆေးကြောသန့်စင်ပေးလိုက်ပါ။

၂။ ဟင်းချိုအိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ငရုတ်နှစ်များကို မီးအေးအေးဖြင့် ထည့်ဆီသတ်ပေးလိုက်ပါ။

၃။ ဆီက ငရုတ်သီးရဲ့အနီရောင်ပြောင်းသွားတဲ့အခါမှာတော့ ဂျင်းနှင့် ကြက်သွန်ဖြူထည့်လိုက်ပါ။

၄။ ဝက်နံရိုးများထည့်ပြီး အညိုရောင်ပြောင်းသွားသည်အထိ မွှေပေးလိုက်ပါ။ ပဲငံပြာရည်အကြည်၊ ဟင်းချက်ဝိုင်၊ သကြား၊ နာနတ်ပွင့်နှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။

၅။ ရေနွေးကို ဝက်နံရိုးများမြှုပ်သွားသည်အထိ ထည့်ကာ အာလူးတုံးများ ထည့်ပါ။ အဖုံးဖုံးထားပြီး မိနစ် ၂၀ ခန့် ဆူပွက်လာအောင် တည်လိုက်ပါ။ အာလူးများ နူးအိသွားတဲ့အခါမှာ အရည်များ ပျစ်သွားသည်အထိ ၁၀ မိနစ်ခန့် ထပ်တည်ပေးရပါမယ်။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ ဝက်နံရိုးအာလူးဟင်းလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။

ထမင်းနဲ့ မစားချင်သူများအနေနဲ့လည်း ခေါက်ဆွဲနဲ့အတူတူ ရောစားနိုင်ပါသေးတယ်။

Source: Chinasichuanfood.com