အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ခရမ်းချဉ်သီးနဲ့ ခရမ်းသီးတို့ ရောချက်ထားတဲ့ ဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခရမ်းသီး ၂၅၀ ဂရမ် (ရေဆေးပြီးနောက် အနေတော်အတုံး တုံးထားပါ)
- ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ကြက်သွန်ဖြူ ၂ ဥ (ပါးပါးလှီးထားပါ)
- ငရုတ်သီးစိမ်း ၁ တောင့် (ပါးပါးလှီးထားပါ)
- ခရမ်းချဉ်သီး အကြီး ၁ လုံး (လေးထောင့်အတုံးငယ် လှီးထားပါ)
- ကြက်သွန်ဖြူ ဂျင်းထောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ နှင့် ဆား အနည်းငယ်
- မဆလာ အနည်းငယ် (မထည့်လည်းရပါတယ်)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဇီရာစေ့ထည့်ပါ။
၂။ ထို့နောက် ကြက်သွန်နီနှင့် ငရုတ်သီးတို့ထည့်ကာ ဆီသတ်ပါ။
၃။ ကြက်သွန်နီက ရွှေရောင်ပြောင်းသွားပါက ကြက်သွန်ဖြူ ဂျင်းထောင်းထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။
၄။ ထို့နောက် ခရမ်းချဉ်သီးနှင့် ဆား အနည်းငယ်ထည့်ကာ ၂ မိနစ်ခန့် မွှေပါ။
၅။ ခရမ်းချဉ်သီးက ပျော့သွားပါက ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နှင့် မဆလာတို့ထည့်ပါ။
၆။ ထို့နောက် ခရမ်းသီးထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။
၇။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၈ ဇွန်းစာခန့်ထည့်ကာ ခရမ်းသီးများ နူးအိသွားသည်အထိ တည်ပါ။
၈။ ခရမ်းသီး ဟင်းရည်များ ပျစ်သွားပါက နံနံပင် အနည်းငယ် အုပ်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းသီးဟင်းလေး ရရှိသွားပါပြီ။
Source: Indianhealthyrecipes.com