အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ခရမ်းချဉ်သီးနဲ့ ခရမ်းသီးတို့ ရောချက်ထားတဲ့ ဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၂၅၀ ဂရမ် (ရေဆေးပြီးနောက် အနေတော်အတုံး တုံးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်သွန်ဖြူ ၂ ဥ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း ၁ တောင့် (ပါးပါးလှီးထားပါ)

  • ခရမ်းချဉ်သီး အကြီး ၁ လုံး (လေးထောင့်အတုံးငယ် လှီးထားပါ)
  • ကြက်သွန်ဖြူ ဂျင်းထောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ နှင့် ဆား အနည်းငယ်
  • မဆလာ အနည်းငယ် (မထည့်လည်းရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဇီရာစေ့ထည့်ပါ။

၂။ ထို့နောက် ကြက်သွန်နီနှင့် ငရုတ်သီးတို့ထည့်ကာ ဆီသတ်ပါ။

၃။ ကြက်သွန်နီက ရွှေရောင်ပြောင်းသွားပါက ကြက်သွန်ဖြူ ဂျင်းထောင်းထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၄။ ထို့နောက် ခရမ်းချဉ်သီးနှင့် ဆား အနည်းငယ်ထည့်ကာ ၂ မိနစ်ခန့် မွှေပါ။

၅။ ခရမ်းချဉ်သီးက ပျော့သွားပါက ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နှင့် မဆလာတို့ထည့်ပါ။

၆။ ထို့နောက် ခရမ်းသီးထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။

၇။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၈ ဇွန်းစာခန့်ထည့်ကာ ခရမ်းသီးများ နူးအိသွားသည်အထိ တည်ပါ။

၈။ ခရမ်းသီး ဟင်းရည်များ ပျစ်သွားပါက နံနံပင် အနည်းငယ် အုပ်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းသီးဟင်းလေး ရရှိသွားပါပြီ။

Source: Indianhealthyrecipes.com