အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းလျာအမယ် (၄) မျိုးကို အရသာရှိတဲ့ဟင်းလျာတစ်မျိုးအဖြစ် ဘယ်လိုဖန်တီးချက်စားမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီစိမ်း ၁ ပေါင်
  • ဝက်ပေါင်ခြောက် ၁ ပေါင်
  • ကြက်ဥ ၄ လုံး
  • ချိစ်အနည်းငယ်
  • ကြက်သွန်ဖြူအမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။အိုးတစ်လုံးထဲတွင် ရေ၊ ဆားအနည်းငယ်နှင့် ပန်းဂေါ်ဖီစိမ်းတို့ထည့်ကာ ၃ မိနစ်ခန့် ပြုတ်လိုက်ပါ။ ပြုတ်ပြီးသွားသော ပန်းဂေါ်ဖီစိမ်းများကို အနေတော်အတုံးများ တုံးထားလိုက်ပါ။

၂။ ကြက်ဥ ၄ လုံးကို ကြက်သွန်ဖြူ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး မွှေခလောက်ထားပါ။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၃။ Oven ထဲထည့်မယ့် ဗန်းထဲတွင် ပန်းဂေါ်ဖီစိမ်းနှင့် ဝက်ပေါင်ခြောက်အတုံးသေးများကို အစီအရီထည့်ထားလိုက်ပါ။

၄။ လင်ဗန်းထဲသို့ ကြက်ဥများ လောင်းထည့်ပြီးနောက် ချိစ်များ ဖြူးထည့်လိုက်ပါ။ ထို့နောက် Oven ထဲမှာ မိနစ် ၄၀ ခန့် ထည့်ထားလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပန်းဂေါ်ဖီစိမ်း ဝက်ပေါင်ခြောက် ချိစ် ကြက်ဥပေါင်းဟင်းလျာလေးကို ထမင်းနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: mydeliciousmeals.com