အားလုံးပဲ မင်္ဂလာပါ။ အရသာရှိတဲ့ ပန်းဂေါ်ဖီစိမ်း ကြက်သားအချိုကြော်လေးကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီစိမ်း ၁ ပေါင်
  • ကြက်သားကြော် အတုံး အနည်းငယ်
  • နွားနို့ စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပေါင်မုန့် အကြေအစများ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ချိစ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို အပူချိန် ၄၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ အနေတော် အတုံးလှီးဖြတ်ထားသော ပန်းဂေါ်ဖီစိမ်းကို ဒယ်အိုးထဲထည့်ပြီး ပန်းဂေါ်ဖီများ ရေမြှုပ်သွားတဲ့အထိ ရေထည့်ထားရပါမယ်။ ၅ မိနစ်ခန့် ဆူအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပြီး ပန်းဂေါ်ဖီများ နူးအိသွားပါက ပန်းဂေါ်ဖီများ ခပ်ထုတ်ထားလိုက်ပါ။

၃။ ပန်းဂေါ်ဖီစိမ်းကို လင်ဗန်းထဲထည့်ပြီး ပန်းဂေါ်ဖီပေါ် ကြက်သားကြော်များ တင်ထားလိုက်ပါ။ နွားနို့များ ကြက်သားပေါ် ဆမ်းထည့်လိုက်ပါ။ ထို့နောက် ချိစ်အချောင်းလေးများ၊ ထောပတ်နဲ့ ပေါင်မုန့်အကြေအစများကို လင်ဗန်းထဲ တစ်ခုချင်းစီ ဖြူးထည့်လိုက်ပါ။

၄။ ထိုလင်ဗန်းကို Oven ထဲ ၁၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါ လင်ဗန်းထဲက ထုတ်ပြီး ပန်းကန်ထဲ ပြောင်းထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပန်းဂေါ်ဖီစိမမ်း ကြက်သား အချိုကြော်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: allrecipes.com