အားလုံးပဲ မင်္ဂလာပါ။ သပ်သတ်လွတ်ထမင်းကြော် စားသုံးချင်သူများအတွက် ဒီတစ်ခါဝေမျှပေးမယ့် ထမင်းကြော်လေးကတော့ ပန်းဂေါ်ဖီစိမ်း မှို ထမင်းကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သစ်ကြားသီး အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • မှို အရွယ်အစား အကြီး ၂ ပွင့် (ပါးပါးလှီးထားပါ)

  • ပန်းဂေါ်ဖီစိမ်း ၂ ပွင့် (အနေတော် လှီးဖြတ်ထားပါ)
  • ပဲလုံးစိမ်း အနည်းငယ်
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး သစ်ကြားသီးများ ထည့်ကာလှော်ပေးလိုက်ပါ။ သစ်ကြားသီးများ ရွှေညိုရောင်ပြောင်းသွားပါက ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်ထည့်ကာမွှေပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲထည့်ကာ ဖယ်ထားလိုက်ပါ။

၂။ ဒယ်အိုးထဲသို့ အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ကာ ကြက်သွန်နီများထည့်ကြော်ပေးလိုက်ပါ။ ရရှိလာတဲ့ ကြက်သွန်ကြော်ကို စောစောက သစ်ကြားသီးထည့်ထားသော ပန်းကန်လုံးထဲထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အမြင့်ဆုံးအပူချိန်ပေးပြီး အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ပါ။ မှိုထည့်ပြီး ကြော်ပေးလိုက်ပါ။ ပဲငံပြာရည် စားပွဲတင်ဇွန်းတစ်ဝက်ထပ်ထည့်ပြီး ကြော်ပေးလိုက်ပါ။ ရရှိလာတဲ့ မှိုကြော်ကို စောစောက ပန်းကန်လုံးလေးထဲ ထည့်ထားလိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ကျန်ရှိနေသော အုန်းဆီထည့်လိုက်ပါ။ ပန်းဂေါ်ဖီထည့်ပြီး ပန်းပွင့်များ နူးညံ့လာသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲက ကြော်ထားသော မှိုကြော်များအားလုံးကို ပန်းပွင့်နဲ့အတူ ရောကြော်ပေးလိုက်ပါ။

၅။ ထို့နောက် ဒယ်အိုးထဲသို့ ထမင်းထည့်ကာ ကြော်ပေးလိုက်ပါ။ ပဲလုံးစိမ်း၊ နှမ်းဆီ၊ ပဲငံပြာရည် စားပွဲတင်ဇွန်းတစ်ဇွန်းနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းပြီးတဲ့နောက်မှာ မီးဖိုပေါ်က ချလိုက်ပါ။

ရရှိလာတဲ့ ပန်းဂေါ်ဖီစိမ်းနှင့် မှို ထမင်းကြော်ကို ပူပူနွေးနွေးလေးနဲ့ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Ifoodreal.com