ခရမ်းသီး အိုးကပ်၊ ခရမ်းသီးဆီပြန်ဟင်းတွေဆိုတာ မြန်မာလူမျိုးတွေ အကြိုက်တွေ့တဲ့ဟင်းလျာတစ်မျိုးပဲဖြစ်ပါတယ်။ ထိုဟင်းလျာထဲကို ခရမ်းသီးနဲ့ အုန်းနို့တို့ ရောချက်လိုက်မယ်ဆိုရင်တော့ အရသာစိမ့်စိမ့်လေးနဲ့ အင်မတန်မှ စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၄ လုံး
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ခရမ်းသီး ၂ လုံး၊ ၃ လုံး (လေးထောင့်အတုံးငယ် တုံးထားလိုက်ပါ)
  • အုန်းနို့ စားပွဲတင်ဇွန်း ၂၈ ဇွန်းခန့်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

  • ကြက်သွန်နီ ၄ ဥ၊ ကြက်သွန်မြိတ် ၂ ပင် နှင့် ကြက်သွန်ဖြူ ၄ မြွှာ (အားလုံးကို နုပ်နုပ်စဉ်းထားပါ)
  • ဂျင်း ၁ လက်မပတ်လည် ၁ တုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • ပုစွန်ခြောက်အမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေအေး ၂၅၀ မီလီလီတာ
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးများကို အနေတော် အတုံး လှီးဖြတ်ထားပြီးနောက် ပန်းကန်လုံးထဲ ပြောင်းထည့်ပါ။ ထို့နောက် ခရမ်းသီးများ မြှုပ်သွားသည်အထိ ရေအေးများကို ပန်းကန်ထဲသို့ လောင်းထည့်လိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ပြီး တစ်မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။

၃။ ထို့နောက် ခရမ်းသီးထည့်ပြီး ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ ရေစိမ်ထားသော ခရမ်းသီးများကို ဆယ်ယူပြီးနောက် အိုးထဲထည့်ကာ တစ်မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ အုန်းနို့ထည့်ပြီး ၁၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၅။ အုန်းနို့ရည်များ ပျစ်သွားပြီဆိုရင်တော့ ဆားအနည်းငယ်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ပြီးသွားရင်တော့ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အုန်းနို့ ခရမ်းသီးဆီပြန်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Burmaspice.com